၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့ကြသည့် အနုပညာရှင်၊ အတတ်ပညာရှင်များ၏ ဝမ်းသာပီတိစကားသံများ
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့ကြသည့် အနုပညာရှင်၊ အတတ်ပညာရှင်များ၏ ဝမ်းသာပီတိစကားသံများ
Ministry of Information/ Naypyitaw / February 08, 2026
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ခမ်းနားထည်ဝါစွာကျင်းပရာ အနုပညာနယ်ပယ်ပေါင်းစုံမှ အနုပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ကြသည်။
အဆိုပါအနုပညာရှင်၊ အတတ်ပညာရှင်များအနက်မှ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို ထိုက်တန်စွာချီးမြှင့်ခံရသူများနှင့် တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းပီတိစကားသံများကို ပြည်သူများ သိရှိစေရန် မေးမြန်းဝေမျှလိုက်ရပါသည်။
ဦးဌေးအောင်(ဆွေဗမာ) (ရုပ်ရှင်တစ်သက်တာဆုရှင်)
ကျွန်တော့်အသက် (၉၅) နှစ်ထဲ ရောက်ပါပြီ။ ရုပ်ရှင်သရုပ်ဆောင် သက်တမ်းလည်းကြာခဲ့ပါပြီ။ အခုလိုတစ်သက်တာဆုကို ရရှိတဲ့အတွက် အင်မတန်ဝမ်းသာမိပါတယ်။ ဒီဆုချီးမြှင့်ပွဲမှာ အရင်ကအတူတူသရုပ်ဆောင်ခဲ့တဲ့ သူတွေကို ပြန်လည်တွေ့ရတဲ့အတွက်လည်း စိတ်ထဲပျော်ရွှင်မိပါတယ်။ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ပေးအပ်တဲ့ ဒီအကယ်ဒမီဆုကြီးကို လက်ခံရတဲ့အတွက် ဂုဏ်ယူမိပြီး တာဝန်ရှိသူတွေအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ဒေါ်ခင်လေးဆွေ (ရုပ်ရှင်တစ်သက်တာဆုရှင်)
ကျွန်မအသက် (၉၅) နှစ် ရှိပါပြီ။ ဖြတ်သန်းလာခဲ့တဲ့ အနုပညာခရီးကလည်း ကြာခဲ့ပါပြီ။ အခုအချိန်မှာ ဒီဆုကို လက်ခံရရှိတဲ့အတွက်လည်း ဝမ်းသာပျော်ရွှင်မိပါတယ်။ သရုပ်ဆောင်အလုပ်ဆိုတာ ပြည်သူလူထုကြိုက်မှ ဆုရရှိတဲ့အနေအထားအထိ ရောက်ရှိတာပါ။ နောင်အနုပညာမျိုးဆက်သစ်ကလေးတွေအနေနဲ့လည်း ကိုယ့်ကိုသင်ကြားပေးတဲ့ ဆရာတွေရဲ့ စကားကို မြေဝယ်မကျနားထောင်ပြီး အလုပ်ကြိုးစားကြပါ။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်လို့ ပြောလိုပါတယ်။
ဒါရိုက်တာ အကယ်ဒမီ ဦးကြည်စိုးထွန်း (ရုပ်ရှင်တစ်သက်တာဆုရှင်)
ဒီရုပ်ရှင်တစ်သက်တာဆုကို အသက် (၈၀) ကျော်မှ ပေးပါတယ်။ ရုပ်ရှင်လုပ်သက်ကလည်း အနည်းဆုံး အနှစ် (၅၀) ရှိပြီး ဆုတစ်ခုခုလည်း ရဖူးသူဖြစ်ရပါမယ်။ ဆုမရခဲ့လည်း ရုပ်ရှင်အကျိုးအတွက် တကယ်လုပ်ဆောင်တဲ့ သူမျိုးဖြစ်ရမယ်။ အဲဒီလိုသတ်မှတ်ပြီး ဒီဆုကို ပေးတာပါ။ အသက်ကြီးတိုင်းပေးတာမဟုတ်ပါဘူး။ ဖြစ်နိုင်ရင် အကယ်ဒမီဆုပဲဖြစ်ဖြစ်၊ အလင်္ကာကျော်စွာပဲဖြစ်ဖြစ် ဆုတစ်ခုခုတော့ ရတဲ့သူမျိုး၊ အသက် (၈၀) ကျော်တဲ့ သူမျိုးကို ပေးတာဖြစ်ပါတယ်။ ဒီဆုပေးရတဲ့ အကြောင်းကို ပရိသတ်လည်း သိစေချင်လို့ ပြောပြခြင်းဖြစ်ပါတယ်။ ရုပ်ရှင်တစ်သက်တာဆု ရရှိတဲ့သူတွေအတွက်လည်း ဝမ်းသာမိပါတယ်။
သားကျော် (အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု)
ဒီဆုကို ရရှိတဲ့အတွက် အတိုင်းမသိဝမ်းသာဂုဏ်ယူမိပါတယ်။ ဆုကို ရွေးချယ်ပေးအပ်တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်က အနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက် ဒီဆုကို လိုချင်ပါတယ်။ ဒါကြောင့် အလုပ်ကိုလည်း ပိုပြီးကြိုးစားခဲ့ပါတယ်။ ဒီနေ့ဆုပေးပွဲမှာလည်း ဆုရရှိဖို့ ရင်ခုန်ခဲ့ရပါတယ်။ နှစ်ပေါင်း (၂၅) နှစ်ကျော်မှ ဒီဆုကိုရရှိခဲ့တာဖြစ်တဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာနေမိပါတယ်။ ဒီဇာတ်ကားကို ရေခဲတောင်မှာ ၂၅ ရက်ကြာ ရိုက်ကူးခဲ့ရပါတယ်။
အခက်အခဲတွေအများကြီးလည်း ကြုံတွေ့ခဲ့ရပါတယ်။ ရုပ်ရှင်ကားထဲမှာ တကယ့်အစစ်အမှန် ပြုလုပ်ချက်တွေနဲ့ အင်တိုက်အားတိုက်ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ အခုလို ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပြီး ဆုရရှိခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်။
ဟန်ထူးဇင် (အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု)
ကျွန်တော်ဒီဆုကို အသက် (၁၈) နှစ်နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ အမှတ်တရတွေအများကြီးပါပဲ။ ဇာတ်ကားထဲမှာ အတွေ့အကြုံအများကြီးရရှိခဲ့ပြီး ကျွန်တော့်အတွက် မှတ်တိုင်လည်း ဖြစ်ခဲ့ပါတယ်။ ဒီဆုကိုရရှိတဲ့အတွက် အင်မတန်ကို ပျော်ရွှင်မိပါတယ်။ ဆုကိုရရှိဖို့ တော်တော်လေးကြိုးစားခဲ့ရပါတယ်။ ရုပ်ရှင်နယ်ပယ်က အတတ်ပညာရှင် ဆရာကြီးတွေဆီက သင်ယူခွင့်ရရှိပြီး အတူတကွအလုပ်လုပ်ကိုင် ခွင့်ရတဲ့အတွက် အဖိုးမဖြတ်နိုင်တဲ့ ပညာတွေအများကြီးရရှိခဲ့ပါတယ်။ နောင်လည်း ဒီထက်မက အနုပညာကိုချစ်မြတ်နိုးပြီး ပိုပြီးကြိုးစားသွားမှာပါ။ အခုလို အကောင်းဆုံးတေးဂီတဆုကိုပေးပြီး အသိအမှတ်ပြုပေးတဲ့အတွက် တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။
ကိုဂျိုး (အကောင်းဆုံးရုပ်ရှင် အသံဆု)
ကျွန်တော်တို့ အနုပညာသမားတွေအတွက် ဒီဆုကတန်ဖိုးမဖြတ်နိုင်တဲ့ ဆုပဲဖြစ်ပါတယ်။ ကျွန်တော်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတိုင်းကို တတ်စွမ်းသလောက်အစွမ်းကုန်ကြိုးစားပြီး စေတနာထားဆောင်ရွက်ပေးခဲ့ပါတယ်။ အသက် (၁၉) နှစ်ကနေစပြီး အနုပညာလောကထဲကို ဝင်လာခဲ့တာဖြစ်ပါတယ်။ ဒီဆုကို ရရှိခဲ့တဲ့အတွက် ရှေ့ဆက်ပြီး အနုပညာအလုပ်ကို ဆောင်ရွက်သွားဖို့ အားအင်တွေဖြစ်ပေါ်ခဲ့ပါတယ်။ နောင်ရိုက်မယ့် ဇာတ်ကားတွေကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ ကျွန်တော်အခုလို ဆုရတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေကလည်း အင်မတန်ဝမ်းသာနေကြပါတယ်။
အကယ်ဒမီ ခွန် (အကောင်းဆုံးရုပ်ရှင် တည်းဖြတ်ဆု)
ကျွန်တော်အခုလို အကယ်ဒမီဆုကို ရရှိခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ဆုပေးပွဲကြီးမှာ ကျွန်တော့်နာမည်ကို ကြေညာလိုက်တဲ့အခါ ရင်ခုန်စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ရပါတယ်။ ကျွန်တော်အခုလိုဆုရရှိအောင် သင်ကြားပြသလက်တွဲခေါ်ယူခဲ့တဲ့ အနုပညာရပ်ဝန်းက ဆရာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ပထမဦးဆုံးစတင်ရိုက်တဲ့ ဇာတ်ကားမှာတင် ဆုရရှိခဲ့တဲ့အတွက် အင်မတန်ဂုဏ်ယူမိပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက အနုပညာလောကထဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဦးဆုံးအကယ်ဒမီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ရှေ့ဆက်ပြီး အနုပညာအလုပ်တွေကို ကြိုးစားပြီး ဆောင်ရွက်သွားမှာပါ။
သီလံ (အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု)
အခုလို အကယ်ဒမီဆုကို ရရှိခဲ့တဲ့အတွက် အင်မတန်ကျေနပ်မိပါတယ်။ မောင်နှမသုံးယောက်ရဲ့ ကြိုးစားအားထုတ်မှုတွေ အရာထင်လာခဲ့ပါပြီ။ ဆုပေးဖို့ကိုယ့်နာမည်ကို ကြေညာတဲ့အချိန်မှာ ရင်ခုန်ပြီး ပြောစရာစကားတောင် ရှာမတွေ့ခဲ့ပါဘူး။ ပရိသတ်တွေကလည်း အစောကတည်းက ခန့်မှန်းပေးခဲ့ကြပါတယ်။ ပရိသတ်ခန့်မှန်းတဲ့အတိုင်း ဖြစ်လာတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ နောက်ထပ်လည်း အနုပညာနဲ့ပတ်သက်ပြီး အများကြီးကြိုးစားသွားမှာပါ။ ဒီဇာတ်ကားက အမျှော်လင့်ဆုံးဇာတ်ကားတစ်ကားပါ။ အကယ်ဒမီဆုရရှိအောင်အထိ ပြီးပြည့်စုံတဲ့ ဇာတ်ညွှန်းတစ်ခု ဖြစ်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ပရိသတ်တွေနဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။
Hein Film Production (အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆု)
ကျွန်တော်တို့ ပူးပေါင်းထုတ်လုပ်တဲ့ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူးဇာတ်ကားနဲ့ ရရှိတဲ့အတွက် များစွာဝမ်းသာမိပါတယ်။ အတူတကွပူးပေါင်းဖန်တီးမှုတွေ၊ ကြိုးစားမှုတွေကို အခုလိုအသိအမှတ်ပြုခံရတဲ့အတွက် ကျေနပ်မိပါတယ်။ အကယ်ဒမီဆုရစေချင်လို့ အားပေးကြတဲ့ ပရိသတ်တွေကို အများကြီးကျေးဇူးတင်ရှိပါတယ်။ ဒီနှစ်က ဇာတ်ကားတွေအားလုံးကောင်းကြပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။ ဒီလိုဇာတ်ကားကောင်းတွေကြားထဲက အကယ်ဒမီဆုကို ဆွတ်ခူးရရှိတဲ့အတွက်လည်း ဝမ်းသာပျော်ရွှင်မိပါတယ်။
အကယ်ဒမီနေတိုး၊ အကယ်ဒမီမေသန်းနု (အကောင်းဆုံးဝတ်စားဆင်ယင်မှု အကြီးတန်းဆု )
အကယ်ဒမီ ဆုပေးပွဲကြီးမှာ အားလုံးက အလှဆုံးဝတ်ဆင်လာကြပါတယ်။ ဒီလိုအလှဆုံးတွေကြားထဲမှာ အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုရရှိတဲ့အတွက် ဝမ်းသာမိပါတယ်။ အမှတ်ပေးရွေးချယ်ပေးတဲ့ ဒိုင်တွေနဲ့ အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ဒီလိုဆုရရှိအောင် ဝိုင်းဝန်းပံ့ပိုးပေးကြတဲ့ ဒီဇိုင်နာတွေ၊ လှပအောင် ပြင်ဆင်ပေးကြတဲ့သူတွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဖက်ရှင်ဆုရရှိဖို့က ကိုယ်ဝတ်တဲ့ဝတ်စုံက မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ကိုက်ညီပြီး ဆန်းသစ်ဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေနဲ့ ကိုက်ညီအောင် ဝတ်ဆင်ပြီး အခမ်းအနားကို တက်ရောက်လာခြင်းဖြစ်ပါတယ်။ ရိုးရာဝတ်စုံတွေ အားလုံးက တန်ဖိုးရှိကြပါတယ်။
ကောင်းမြတ်စံ၊ ရတနာဗို (အကောင်းဆုံးဝတ်စားဆင်ယင်မှု အငယ်တန်းဆု)
ပထမဦးဆုံး ဝတ်စုံချုပ်ပေးတဲ့ ဒီဇိုင်နာတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ရိုးရာဝတ်စုံနဲ့ရရှိတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီဆုကို မျှော်လင့်ခဲ့ပေမယ့် ရရှိမယ်လို့တော့ မထင်ခဲ့မိပါဘူး။ အမှတ်ပေးရွေးချယ်ပေးခဲ့ကြတဲ့ ဒိုင်တွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ အကောင်းဆုံးဝတ်စားဆင်ယင်မှု ဆုရရှိတဲ့အတွက် ပျော်ရွှင်မိနေတယ်ဆိုရင် ဒီနေ့ပွဲမှာ အကယ်ဒမီဆုတွေကို ဆွတ်ခူးရရှိကြတဲ့သူတွေဆိုရင် ဘယ်လောက်တောင် ရင်ခုန်စိတ်လှုပ်ရှားနေမလဲဆိုတာတွေးပြီး ပျော်ရွှင်နေမိပါတယ်။
အကယ်ဒမီ ဩရသ (အကောင်းဆုံးဒါရိုက်တာဆု)
အခုလို အကယ်ဒမီဆုကို ရရှိတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒီဆုက ကျွန်တော့်အတွက် ဒုတိယမြောက်ဆုလို့ ပြောလို့ရပါတယ်။ ဒါကြောင့် အတိုင်းမသိပျော်ရွှင်နေမိပါတယ်။ ဒီကားကို အနုပညာရှင်တွေ အားလုံးကြိုးစားပြီး ရိုက်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်တုန်းကလည်း အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ ဒီနှစ်မှာ ဇာတ်ကားကောင်းတွေ အများကြီးပါဝင်ပြီး ပြိုင်ဆိုင်မှုပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။ ဒီကြားထဲက ဒီဆုကို ရရှိခဲ့တဲ့အတွက် ရှေ့ဆက်ပြီး အကောင်းဆုံးကြိုးစားသွားပါ့မယ်။ အခုက ထပ်ဆင့်အကယ်ဒမီဖြစ်သွားတဲ့အတွက် အနုပညာအလုပ်ကို ပိုပြီးကြိုးစားဖို့လိုသွားပါပြီ။ ကျွန်တော့်ရဲ့အနုပညာကို အားပေးကြတဲ့ မြန်မာ့ရုပ်ရှင် ချစ်ပရိသတ်တွေကို ကျေးဇူးတင်ရှိပါတယ်။
ခိုင်နှင်းဝေ (အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု)
ဒီဆုကို ရရှိတဲ့အတွက် အင်မတန်ပျော်ရွှင်မိပါတယ်။ ဆုတက်ယူတဲ့အချိန်မှာ စိတ်လှုပ်ရှားနေလို့ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်တဲ့အကြောင်း ပြောချင်ပါတယ်။ ကိုယ်သဘောကျတဲ့ ဇာတ်ကားနဲ့ အကယ်ဒမီဆုကိုရရှိတဲ့အတွက် ကျေနပ်မိပါတယ်။ ဒီဆုရရှိခဲ့တာဟာ ကျွန်မတစ်ယောက်တည်းတော်လို့ မဟုတ်ပါဘူး။ အားလုံးရဲ့ ဝိုင်းဝန်းပံ့ပိုးမှုတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် ထိုက်တန်စွာရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျမိပါတယ်။ အနုပညာလောကကို ၂၅ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးတော့ အခုလို အကယ်ဒမီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
နေမျိုးအောင် (အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု)
အကယ်ဒမီဆုကို ဆွတ်ခူးရရှိတဲ့ ခံစားချက်က ဘာနဲ့မှဖော်ပြလို့မရပါဘူး။ အင်မတန်ဝမ်းသာမိပါတယ်။ ကျွန်တော့်ရဲ့ အနုပညာသက်တမ်းက အနှစ် (၃၀) ရှိပါပြီ။ အခုတော့ ကြိုးစားမှုတွေ အရာထင်ခဲ့ပြီလို့ ပြောလို့ရပါပြီ။ အခမ်းအနားကို အနုပညာရှင်တွေနဲ့အတူ ရင်ခုန်ဖို့အတွက် တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဆုရတယ်လို့ ကြေညာလိုက်တဲ့အချိန်မှာ ပြောမပြတတ်အောင် ဝမ်းသာမိပါတယ်။ ဒီနှစ်ဇာတ်ပို့ဆုရရှိသူတွေက ဗီဒီယိုလောကခေတ်ကတည်းက အတူတူလက်တွဲပြီး သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အခုလိုနှစ်တွေကြာမှ ကျွန်တော်တို့ အနုပညာမောင်နှမနှစ်ယောက်အတူတူ ဇာတ်ပို့ဆုကိုရရှိခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ နောက်ထပ်လည်း ပြည်သူတွေအတွက် ဇာတ်ရုပ်မျိုးစုံနဲ့ အနုပညာရသမြောက်အောင် ကြိုးစားသွားမှာပါ။ အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။
ရတနာဗို (အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု)
ဒီအကယ်ဒမီဆုကို ရရှိတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ကိုယ့်ရဲ့ ကြိုးစားမှုတွေအထမြောက်ခဲ့ပြီလို့ ပြောလို့ရပါတယ်။ ဒီဆုကို ရည်မှန်းထားခဲ့ပေမယ့် စင်ပေါ်မှာ ကိုယ့်နာမည် ခေါ်တဲ့အချိန်အထိ တကယ်ရပြီဆိုတဲ့ စိတ်နဲ့ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပါတယ်။ ဒီဆုကို ရရှိတာဟာ ကျေးဇူးရှင်ဆရာသမားအားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပရိသတ်အားလုံးရဲ့ အားပေးမှုတွေကြောင့် ဖြစ်ပါတယ်။ ဆုရရှိအောင် ဝိုင်းဝန်းပံ့ပိုးပေးကြတဲ့ တတ်သိပညာရှင်တွေ အားလုံးကို လှိုက်လှိုက်လှဲလှဲရင်ထဲကနေ ကျေးဇူးတင်ရှိပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ စီနီယာအနုပညာရှင်တွေ အကယ်ဒမီဆုတွေ ရရှိခဲ့ကြတဲ့အတွက် ထပ်တူဝမ်းသာမိပါတယ်။
အကယ်ဒမီ မြင့်မြတ် (အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု)
အခုလို အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိတဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။ ကျွန်တော်အခုဆုရရှိခဲ့တဲ့ ဇာတ်ကားကို အမြဲတမ်းအမှတ်တရရှိနေမှာပါ။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကို စတင်ဖတ်ရှုခဲ့ကတည်းက စိတ်ဝင်စားခဲ့တာပါ။ ဇာတ်ကားရိုက်တုန်းက အခက်အခဲတချို့ရှိခဲ့ပေမယ့် ကြိုးစားပြီး သရုပ်ဆောင်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဒီဇာတ်ကားနဲ့ အကယ်ဒမီဆုကို ရစေချင်တယ်။ အခုလိုရရှိခဲ့တဲ့အတွက် ပရိသတ်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါပြီ။ ဆုရရှိတဲ့အချိန်မှာ ပထမဆုံးသတိရမိတာကတော့ ကျွန်တော့်ရဲ့ ဆရာတွေပဲဖြစ်ပါတယ်။ ပြီးတော့ ဇာတ်ကားမှာ ပါဝင်ပေးကြတဲ့အနုပညာရှင်၊ အတတ်ပညာရှင်တွေ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်ဇာတ်ကားစရိုက်တဲ့ အချိန်ကတည်းက အားပေးလာခဲ့ကြတဲ့ ကျေးဇူးရှင်ပရိသတ်တွေကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
မျိုးဆက်သစ်၊ ဓာတ်ပုံ-အောင်ကြီး
Newspaper - 3455 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
