၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် မီးပုံးပျံအတက်စံချိန်အကောင်းဆုံးဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်ဝန်ထမ်းများအား ဂုဏ်ပြုအခမ်းအနားကျင်းပခြင်း
၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် မီးပုံးပျံအတက်စံချိန်အကောင်းဆုံးဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်ဝန်ထမ်းများအား ဂုဏ်ပြုအခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / November 10, 2025
နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုရဝဏ်အတွင်း ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး မှ “မေဘရဏီ” အမည်ဖြင့် စိန်နားပန်မီးပုံးပျံ လွှတ်တင်ပူဇော် ပြိုင်ပွဲဝင်ရာ၌ ‘‘မီးပုံးပျံအတက်စံချိန်အကောင်းဆုံး’’ ဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုသည့်အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၁၁ : ၃၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးက ယနေ့အခမ်း အနားသည် ၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ကျရာ ကဏ္ဍမှ တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းအသီးသီး၏ စည်းလုံးညီညွှတ်မှု ပြယုဂ်ကို ဖော်ပြသည့်အခမ်းအနားတစ်ခုဖြစ်သည့်အပြင် မီးပုံးပျံပြိုင်ပွဲတွင် တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှုအောင်ပွဲလည်းဖြစ်ပါကြောင်း၊ ဤရုံးမှ စိန်နားပန်မီးပုံးပျံနှင့် အလှမီးပုံးပျံများ လွှတ်တင်ပူဇော်ပြိုင်ပွဲဝင်ရခြင်းမှာ မြန်မာ့ရိုးရာဓလေ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းရန်၊ မြန်မာတို့၏ ဘာသာတရားကိုင်းရှိုင်းမှု၊ ယဉ်ကျေး သိမ်မွေ့မှုနှင့် မြန်မာ့စိတ်ရင်းအလှတို့ကို ဖော်ညွှန်းပြသနိုင်ရန်၊ ဝန်ထမ်းများစည်းလုံးညီ ညွတ်စွာဖြင့် စုပေါင်းလုပ်ဆောင်တတ်မှုကိုမြှင့်တင်ရန်နှင့် ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်း ပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ကြစေရန် ရည်ရွယ်ပြီး လွှတ်တင်ပူဇော်ပြိုင်ပွဲဝင်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကျရာကဏ္ဍမှ အချိန်တိုအတွင်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ခဲ့မှုများကြောင့် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် အောင်အောင်မြင်မြင် လွှတ်တင်ပူဇော်နိုင် ခဲ့သည့်အတွက် ‘‘မီးပုံးပျံအတက်စံချိန်အကောင်းဆုံးဆု’’ကို ရရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲတွင် ပထမဆုံး စတင်ပြိုင်ပွဲဝင်ခဲ့သည့်ယခင်နှစ်တွင် ဝန်ထမ်းအားလုံး၏ စုပေါင်းစွမ်းအားဖြင့် “စက္ခုပသာဒဆု” ရရှိခဲ့ပြီး နှစ်စဉ်တစ်ဆင့်ထက်တစ်ဆင့်တိုးမြှင့်၍ ဆုရရှိ အောင်ဆောင်ရွက်နိုင်ခဲ့ခြင်းသည် အောင်မြင်မှုမှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့ခြင်း ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နောင်ပြိုင်ပွဲများတွင် လည်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ တက်တက်ကြွကြွ၊ ပျော်ပျော်ရွှင်ရွှင်နှင့်အကောင်းဆုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲဝင်နိုင်ရန်အတွက် ပြိုင်ပွဲအစမှ အဆုံးထိတိုင် ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော ဝန်ထမ်းများအားလုံး၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့မှုများကို Video Clip မှတ်တမ်းပြသခဲ့သည်။
ယင်းနောက် စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းငြိမ်းဝင်းမှ ပြိုင်ပွဲဝင် နိုင်ရေးဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းပြောကြားခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးမှ ဂုဏ်ပြုအခမ်းအနား ကျင်းပပေးသည့်အတွက် ဝန်ထမ်းများကိုယ်စား ကျေးဇူးတင်စကားပြောကြားခြင်းတို့ကိုဆောင်ရွက်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က ၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ရရှိခဲ့သည့် “ အတက်စံချိန်အကောင်းဆုံး’’ဂုဏ်ပြုဆု၊ ချီးမြှင့်ငွေနှင့် မှတ်တမ်းလွှာကိုပေးအပ်ရာ ဝန်ထမ်းများကိုယ်စား အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်နှင့် ညွှန်ကြားရေးမှူးချုပ်များမှ လက်ခံရယူခဲ့သည်။ ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့်တာဝန်ရှိသူများမှ စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး နေ့လည်စာဖြင့် ဂုဏ်ပြုခဲ့သည်။
အဆိုပါ ဂုဏ်ပြုအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မီးပုံးပျံပြိုင်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ကော်မတီအသီးသီးမှတာဝန်ရှိသူများ၊ ဆိုင်းဘုတ် ကိုင်များ၊ သံချပ်အဖွဲ့များ၊ အကအဖွဲ့ဝန်ထမ်းများ၊ မီးပုံးပျံလွှတ်တင်ရေး အထောက်အကူပြု ဝန်ထမ်းများ၊ အလှမီးပုံပျံလွှတ်တင်သည့် ဝန်ထမ်းများ၊ မှတ်တမ်းဓါတ်ပုံ၊ဗီဒီယို ရိုက်ကူးရေး ဝန်ထမ်းများအပါအဝင် စုစုပေါင်း (၁၆၅) ဦး တက်ရောက်ခဲ့ကြသည်။
Newspaper - 3379 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
