၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ
၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ
Ministry of Information/ Naypyitaw / October 10, 2025
နေပြည်တော် အောက်တိုဘာ ၉
၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်ပြီး ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ သတ်မှတ်နေရာများတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိသည်။
သီဆိုယှဉ်ပြိုင်
ယနေ့တွင် “မဟာဂီတ” တေးသီချင်း အဆိုပြိုင်ပွဲကို အမျိုးသားပြတိုက်(နေပြည်တော်) ရှိ Mini Theatre ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသားပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ဆင့်ရရင့် ငယ်လေ (ပတ်ပျိုး)” သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာ အဆင့်အမျိုးသမီးပြိုင်ပွဲတွင် မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ပပဝင်းဝင်း (ပတ်ပျိုး)” သီချင်းဖြင့် လည်း ကောင်း သီဆိုယှဉ်ပြိုင်ကြသည်။
ထို့ပြင် မြန်မာအကအခြေခံ ကဗျာလွတ်အက (ပထမ) အဆင့်ပြိုင်ပွဲကို ဆင်ဖြူရှင်ခန်းမ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကယား ပြည်နယ်မှ မရှေးမြာနှင့်အဖွဲ့၊ ပဲခူးတိုင်းဒေသကြီးမှ မဖူးပွင့် ကဗျာနှင့်အဖွဲ့၊ စစ်ကိုင်းတိုင်းဒေသ ကြီးမှ မဖူးပြည့်သဇင်နှင့်အဖွဲ့၊ မွန်ပြည်နယ်မှ မယွန်းပြည့်ဝေနှင့်အဖွဲ့၊ ရခိုင်ပြည်နယ်မှ မချိုချို အောင်နှင့်အဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီးမှ မချောစုသွယ်နှင့်အဖွဲ့၊ ရှမ်းပြည်နယ်မှ မသွန်းသက် မှူးစံနှင့်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီးမှ မပန်ဆုပြည့်ကျော်နှင့် အဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးမှ မဟန်သီဦးနှင့်အဖွဲ့၊ ကရင် ပြည်နယ်မှ မနန်းမိုးစက်စက်ဝင်း နှင့်အဖွဲ့၊ ကချင်ပြည်နယ်မှ မယိမ်း ဆွမ့်နှင့်အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးမှ မယွန်းဝေဝေလွင်နှင့်အဖွဲ့နှင့် မကွေးတိုင်းဒေသကြီးမှ မထွန်းရတနာပိုနှင့် အဖွဲ့တို့ကကဗျာလွတ် ကကြိုးကကွက်များကို အဖွဲ့လိုက်ညီညာလှပ ကျွမ်းကျင်ပိုင်နိုင်စွာ ကပြယှဉ်ပြိုင်ကြသည်။
မွန်းလွဲပိုင်းတွင် အလွတ်တန်း အဆင့် တနင်္သာရီတိုင်းဒေသကြီး၏ ထားဝယ်ရိုးရာ အကပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ထားဝယ်ရိုးရာ ယဉ်ကျေးမှုအကအဖွဲ့က ထားဝယ်ရိုးရာ ယန်းအကကို စံပြအနေဖြင့် ဦးစွာကပြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့များ ဖြစ်သည့် မွန်ပြည်နယ်မှ မောင်ထွန်းထွန်းနိုင်နှင့်အဖွဲ့၊ ပဲခူးတိုင်းဒေသကြီးမှ မောင်သန်းထွန်းဦး နှင့်အဖွဲ့၊ ရခိုင်ပြည်နယ်မှ မောင်အောင်လှသိန်းနှင့်အဖွဲ့၊ ကချင်ပြည်နယ်မှ မကေသွယ်စိုး နှင့်အဖွဲ့၊ ကယားပြည်နယ်မှ မောင်သန်းကြွယ်လင်းနှင့်အဖွဲ့၊ ချင်းပြည်နယ်မှ မမိုးသဲဖြူထွန်း နှင့်အဖွဲ့၊ မကွေးတိုင်းဒေသကြီးမှ မောင်လွင်မိုးသူနှင့်အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးမှ မချစ်မြတ်နိုး ဇော်နှင့်အဖွဲ့၊ ရှမ်းပြည်နယ်မှ မောင်စည်သူအောင်နှင့်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးမှ မောင်ခန့် လင်းမြတ်နှင့်အဖွဲ့၊ ကရင်ပြည်နယ်မှ မောင်စံမင်းသူနှင့်အဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးမှမသက် မိုစံနှင့်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီးမှ မောင်ဖြိုးဝေစိုးနှင့်အဖွဲ့တို့က “ပြည်ထောင်စုအတွက် သမိုင်းပေးသစ္စာ” သီချင်းတေးသွားနှင့် ထားဝယ်ရိုးရာကကြိုး ကကွက်များကို ပေါင်းစပ်ကာ မြိုင်မြိုင်ဆိုင်ဆိုင်ကပြယှဉ်ပြိုင်ကြသည်။
အရေးပြိုင်ပွဲ
ထို့အတူ အရေးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှုရတနာ ခန်းမ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသား/ အမျိုးသမီး ပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်း ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ကျောင်းနေစဉ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာ အဆင့် အမျိုးသား/အမျိုးသမီး ပြိုင်ပွဲတွင်ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ် တို့မှ ပြိုင်ပွဲဝင်များက “လူချွန် လူကောင်းတို့ ဂုဏ်ရည်” ခေါင်းစဉ် ဖြင့်လည်းကောင်း ဂီတရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့ ယှဉ်ပြိုင် ကြသည်။
ပတ္တလားအတီးပြိုင်ပွဲ
အလားတူ ပတ္တလားအတီး ပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ ဝန်ဇင်းမင်း ရာဇာခန်းမ၌ ကျင်းပရာအခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲ တွင် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ဇမ္ဗူရောင် ကွန့် (ဘွဲ့)” သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “သီလာမြေယံ(ကြိုး)” သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာ အဆင့် အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “နှင်းယွန်းခါ ဟေမာန်(ယိုးဒယား)” သီချင်းဖြင့် လည်းကောင်း ငြိမ့်ညောင်း သာယာစွာ တီးခတ်ယှဉ်ပြိုင် ကြသည်။
ထို့ပြင် နှဲပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသား ပြိုင်ပွဲတွင် ရှမ်းပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ကရင် ပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “မင်္ဂလာသီရိ (ဘွဲ့)” သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသား ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “လွမ်းဘွဲ့စေ(ပတ်ပျိုး)” သီချင်းဖြင့်လည်းကောင်း၊ အခြေခံ ပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲ တွင် ကရင်ပြည်နယ်၊ ကယား ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “လာချေပြီ(ကြိုး)” သီချင်းဖြင့်လည်းကောင်း သာယာ ငြိမ့်ညောင်းစွာ တီးခတ်ယှဉ်ပြိုင်ကြသည်။
ပလွေပြိုင်ပွဲ
မွန်းလွဲပိုင်းတွင် ပလွေပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသား ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ဂန္ဓမာ တောင် (ဘွဲ့)” သီချင်းဖြင့် လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှေဘုန်းရွှေဘုန်းတော် လေတည့် မှ(ကြိုး)” သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဝေဇယန်နှင့်နှုန်းငြား (ကြိုး)” သီချင်းဖြင့်လည်းကောင်း တီးမှုတ် ယှဉ်ပြိုင်ကြသည်၊၊
တီးမှုတ်ယှဉ်ပြိုင်
ထို့အတူ ဆိုင်းဝိုင်းကြီးအဖွဲ့ လိုက် အတီးပြိုင်ပွဲကို ပုဗ္ဗသီရိ ခန်းမ၌ကျင်းပရာ အခြေခံပညာ အဆင့် (အသက် ၁၅နှစ်မှ ၂၀ အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ အဆင့်မြင့် ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကလည်းကောင်း မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ယှဉ်ပြိုင် ကြသည်။
ကြည့်ရှုအားပေး
ယနေ့ ပြိုင်ပွဲတတိယနေ့၌ သတ်မှတ်နေရာများတွင် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုများကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူ များ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ လာရောက် ကြည့်ရှုအားပေးကြသည်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟို အဆင့်) ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ ကျင်းပ လျက်ရှိပြီး မြန်မာတို့၏ အမျိုး ဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသား ယဉ်ကျေးမှု လက္ခဏာများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေး၊ ပြည်ထောင်စုသွေးချင်းများ၏ သွေးစည်းညီညွတ်သည့် စိတ်ဓာတ်နှင့် အမျိုးသားစည်းလုံးညီညွတ်မှု စိတ်ဓာတ်တို့ကို မြန်မာ့အနုပညာ ဖြင့် ဖော်ထုတ်ပြသနိုင်ရေး၊ မြန်မာ့ ရိုးရာ အနုပညာရပ်များကို မျိုးဆက် သစ်လူငယ်များသို့ လက်ဆင့်ကမ်း အမွေပေးအပ်နိုင်ရေး၊ နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက် ရေးအတွက် ယဉ်ကျေးမှုနှင့် အနုပညာ၏ အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
သတင်းစဉ်
Newspaper - 3352 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
