၈-၈-၂၀၂၄ ရက်နေ့တွင် အသိပညာမျှဝေဆွေးနွေးပွဲ အမှတ်စဉ် (၄၅) အခမ်းအနားကျင်းပခြင်း
၈-၈-၂၀၂၄ ရက်နေ့တွင် အသိပညာမျှဝေဆွေးနွေးပွဲ အမှတ်စဉ် (၄၅) အခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / August 13, 2024
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေဆွေးနွေးပွဲအစီအစဉ် (Knowledge Sharing Program - KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၄၅) ကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်သန္တာလေးက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ဝန်ထမ်းများအတွက် စစ်ဆေးရေးဆိုင်ရာများ၊ ဝန်ထမ်းပိုင်းဆိုင်ရာများ၊ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်ဆိုင်ရာများ၊ ဌာနများ၏ လုပ်ငန်းပိုင်းဆိုင်ရာများ၊ ကျန်းမာရေးဆိုင်ရာများ၊ နိုင်ငံတကာအတွေ့အကြုံများစသည့် ကဏ္ဍပေါင်းစုံမှ အသိပညာ၊ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အသိပညာမျှဝေဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့တွင်လည်း INTOSAI နှင့် SAI Estonia တို့ ပူးပေါင်းဖွင့်လှစ်သည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲ မှုစစ်ဆေးခြင်း Online သင်တန်းမှ လေ့လာသိရှိခဲ့ရမှုများ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလက်တွေ့ စစ်ဆေးရာတွင် ကျင့်သုံးသင့်သည့် နိုင်ငံတကာစာရင်းစစ်စံနှင့်ညီညွတ်သည့် စစ်ဆေးရေး လုပ်ငန်းစဉ်များနှင့် သင်ယူလေ့လာနိုင်သည့် နည်းလမ်းသစ်တစ်ရပ်အဖြစ် အသုံးပြုနိုင်ပြီး ခေတ်နှင့်လည်းလျော်ညီသော Audiobook အား မိတ်ဆက်ခြင်း စသည့် အကြောင်းအရာများ ကို မျှဝေဆွေးနွေးပေးသွားမည်ဟု သိရှိရပါကြောင်း၊ ယခုဆွေးနွေးပွဲမှတစ်ဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစစ်ဆေးခြင်းဆိုင်ရာ ဗဟုသုတ၊ အတွေ့အကြုံများကို သိရှိပြီး လက်တွေ့လုပ်ငန်းများ စစ်ဆေးဆောင်ရွက်ရာတွင် ပြန်လည်အသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ လက်တွေ့ လုပ်ငန်းခွင်တွင် စာဖတ်ရန်အချိန် မပေးနိုင်သည့်သူများအနေဖြင့် Audiobook ကိုအသုံးပြု၍ လွယ်ကူအဆင်ပြေစွာနှင့် အချိန်ကုန်သက်သာစွာ ဗဟုသုတများကို လေ့လာနိုင်စေရန်အတွက်လည်း ယင်းလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ကြိုးစားဆောင်ရွက်သွားကြ ရမှာဖြစ်ပါကြောင်း၊
ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့၏ စစ်ဆေးရေးလုပ်ငန်းကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်သည့် စွမ်းရည်ရရှိအောင် စည်းမျဉ်းစည်းကမ်း၊ အမိန့် ၊ ညွှန်ကြားချက်များကို စဉ်ဆက် မပြတ် လေ့လာ၍ ထိရောက်စွာ စစ်ဆေးဆောင်ရွက်ခြင်းဖြင့် မိမိတို့ရုံး၏ဂုဏ်ကို မြှင့်တင်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးရဲဝင်းနိုင်က INTOSAI နှင့် SAI Estonia တို့ ပူးပေါင်းဖွင့်လှစ်သည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစစ်ဆေးခြင်း Online သင်တန်းသို့ တက်ရောက်ခဲ့ခြင်းမှ သိရှိခဲ့ရသည့်စွန့်ပစ်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းနှင့် ပတ်သက်သော ပြဿနာရပ်များ၏ သဘောတရားများ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအခြေခံမူများ နှင့် စီးပွားရေးရာကိစ္စရပ်များ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲဆောင်ရွက်မှုနှင့်ပြဿနာများ၊ စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှုစစ်ဆေးရေး ဒီဇိုင်းရေးဆွဲခြင်းကိစ္စရပ်များ၊ လက်တွေ့စစ်ဆေးခဲ့ခြင်းအတွေ့ အကြုံများနှင့်သုံးသပ်ချက်များကိုလည်းကောင်း၊ နည်းပညာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဇင်ဝေထွန်းနှင့် လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးကျော်မြတ်ထွန်း တို့က Audiobook ဖန်တီးရသည့် ရည်ရွယ်ချက်၊ Audiobook ဖန်တီးခြင်းနှင့် Audiobook နမူနာအကြောင်း၊ ကြုံတွေ့နိုင်သည့်အခက်အခဲ၊ ရရှိနိုင်မည့် အကျိုးကျေးဇူး များနှင့် Audiobook ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ Audiobook ဆောင်ရွက်မည့်လျာထားအစီအစဉ်နှင့်ရှေ့ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ် များကိုလည်းကောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။
ဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများမှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမမှလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်း ကောင်စီတို့မှညွှန်ကြားရေးမှူးများနှင့်ဝန်ထမ်းများက Online ဖြင့်လည်းကောင်း စုစုပေါင်း ( ၄၂၂ ) ဦး တက်ရောက်ခဲ့ကြသည်။
Newspaper - 3370 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
