“နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များ၏ ခေတ်သစ်တိုးတက်မှုလမ်းကြောင်းသို့ ဦးတည်ခြင်း - စဉ်ဆက်မပြတ်သော၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု၏ အယူအဆကို ထည့်သွင်းခြင်း” ဒေသတွင်းအဆင့် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
“နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များ၏ ခေတ်သစ်တိုးတက်မှုလမ်းကြောင်းသို့ ဦးတည်ခြင်း - စဉ်ဆက်မပြတ်သော၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု၏ အယူအဆကို ထည့်သွင်းခြင်း” ဒေသတွင်းအဆင့် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Ministry of Information/ Naypyitaw / November 19, 2025
နေပြည်တော် နိုဝင်ဘာ ၁၈
“နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များ၏ ခေတ်သစ်တိုးတက်မှုလမ်းကြောင်းသို့ ဦးတည်ခြင်း - စဉ်ဆက်မပြတ်သော၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု၏ အယူအဆကို ထည့်သွင်းခြင်း” ဒေသတွင်းအဆင့် မူဝါဒပိုင်းဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ MGALLERY ဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဒုတိယဝန်ကြီး ဦးသန့်စင်လွင်၊ ဘာသာရပ်ဆိုင်ရာဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (တရုတ်) မှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
အထောက်အပံ့ပြုနိုင်မည်
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ရေရှည်တည်တံ့ခိုင်မြဲသော၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်းသည့် သဘောတရားများကို နောင်တွင်ချုပ်ဆိုမည့်၊ အဆင့်မြှင့်တင်မည့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များတွင် ထည့်သွင်းခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများကို လျှော့ချနိုင်ပြီး အိမ်ရှင်စာချုပ်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းချပိုင်ခွင့်ကို ရရှိနိုင်ခြင်းနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို နိုင်ငံအဆင့် နှင့် ဒေသတွင်းအဆင့် အောင်မြင်နိုင်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပြုနိုင်မည်ဖြစ်ကြောင်း၊ အာဆီယံရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း ဒေသတွင်းအဆင့် ကျင့်သုံးနိုင်ရေး ကြိုးပမ်းအားထုတ်မှုသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းကတိကဝတ်ပြုမှုကို ထင်ဟပ်စေခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်အောက်ရှိ ရင်းနှီးမြှုပ်နှံမှုဆပ်ကော်မတီ၏ ဟောင်ကောင်ပူးတွဲသဘာပတိ Mr. CHAR Chi Man ၊ အာဆီယံပူးတွဲသဘာပတိ Ms. Rozieyanahayu Ab Rahman နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဌာနခွဲမှ အကြီးတန်း အရာရှိ Ms. Yuanita Ruchyat တို့က ဒေသတွင်းအဆင့် ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များတွင် စဉ်ဆက်မပြတ်သော၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာအချက်များ ထည့်သွင်းနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒချမှတ်ခြင်းတွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားကြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဥပဒေကော်မရှင်၊ ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းနှင့် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များက ရေရှည်တည်တံ့ခိုင်မြဲသော၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်တို့၏ ဆက်စပ်မှုနှင့် ယင်းဆက်စပ်မှုအပေါ်အခြေခံ၍ စာချုပ်ဝင်နိုင်ငံနှင့် အိမ်ရှင်နိုင်ငံအကြား အငြင်းပွားမှုလျော့ကျစေခြင်းဆိုင်ရာအချက်များနှင့်စပ်လျဉ်း၍ နိုင်ငံအလိုက် ကြိုးပမ်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။
နှစ်ရက်ကြာ ကျင်းပသွားမည်
အဆိုပါဆွေးနွေးပွဲကို အာဆီယံ - ဟောင်ကောင် (တရုတ်) လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်အောက်ရှိ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအစီအစဉ်၏ ပံ့ပိုးကူညီမှုဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့က ပူးပေါင်း၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3354 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
