(၂၃) ကြိမ်မြောက် ကွန်ပျူတာအသုံးချမှုဆိုင်ရာ နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲကျင်းပ


Ministry of Information/ Naypyitaw / February 28, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၇

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ (၂၃) ကြိမ်မြောက်ကွန်ပျူတာ အသုံးချမှုဆိုင်ရာ နိုင်ငံတကာသုတေသန စာတမ်းဖတ်ပွဲဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ယမန်နေ့နံနက်ပိုင်းက Hybrid စနစ်ဖြင့်ကျင်းပသည်။

အခမ်းအနားသို့ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်‌ရောက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ Polytechnic University များ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ IEEE Myan- mar Subsection ၊ ပြင်ပကွန်ပျူတာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ ကွန်ပျူတာပညာရှင်များ၊ စာတမ်းရှင်များတက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက မျက်မှောက်‌ကာလတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရာရာကို ဖန်တီးနိုင်သည်ကို သတိပြုကြရန်နှင့် ဒစ်ဂျစ်တယ်လူမှုဘဝ၊ ဒစ်ဂျစ် တယ် စီးပွားရေးဘဝများကို ထူထောင်နိုင်ရန်၊ မြန်မာဒစ်ဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါ သက်ဆိုင်ရာမဟာဗျူဟာ မဏ္ဍိုင်များအလိုက် လုပ်ငန်းစဉ် များကို အောင်မြင်ပြီးမြောက်အောင်ဆောင်ရွက်ရန်၊ စာတမ်းဖတ်ပွဲနောက်ဆက်တွဲအနေဖြင့် သုတေသနရလဒ်များကို Agro-based Industries များ၊ MSME များ ဖွံ့ဖြိုးရေးအတွက် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ပြောင်းလဲတိုးတက်မှုနှုန်း မြန်ဆန်လျက်ရှိသည့် AI အပါအဝင် နည်းပညာအရွေ့နှုန်းတို့နှင့် အမီလိုက်ပါနိုင်ရေး သုတေသနကွန်ရက်များ ဖွဲ့စည်းချိတ်ဆက် ဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်က နှုတ်ခွန်းဆက် စကားပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကိုရီးယားနိုင်ငံ နမ်ဆိုးလ်တက္ကသိုလ်မှပါမောက္ခ Dr. Jae Young Ahn ၊ ဂျပန်နိုင်ငံ Aichi Sangyo University မှ ပါမောက္ခ Dr. Yutaka Ishibashi နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Taiyuan University of Science and Technology မှ ပါမောက္ခ Dr. Tammam Tillo တို့က သက်ဆိုင်ရာခေါင်းစဉ်များအလိုက် အမှာစကား ပြောကြားကြသည်။

အဆိုပါ စာတမ်းဖတ်ပွဲအတွက် တင်သွင်းသည့် စာတမ်း ၁၃၀ ၏ အရည်အသွေးကို နိုင်ငံတကာပါမောက္ခများက စိစစ်အကဲဖြတ် ရွေးချယ်ခဲ့ကြပြီး မြန်မာ၊ တရုတ်၊ ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အိုမန်၊ ဘင်္ဂလားဒေ့ရှ်၊ တူကီယဲ၊ ဂျော်ဒန်စသည့် နိုင်ငံများမှ တက္ကသိုလ်များနှင့် သုတေသနဌာနများမှ စာတမ်းရှင်များက AI ၊ ကွန်ပျူတာဖြင့် ဘာသာစကားနှင့်အသံတို့ကို အလိုအလျောက်ဆောင်ရွက်မှု၊ အင်တာနက်ကွန်ရက်နည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ ကမ္ဘာမြေပြင် သတင်းအချက်အလက်စနစ်နှင့် ပုံရိပ်လေ့လာခြင်းဆိုင်ရာ စာတမ်းများကို Parallel Sessions ၁၁ ခု တို့တွင် ရှင်းလင်းဖတ်ကြားခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3455 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download