(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အလေးမအားကစားသမားများ အပြီးသတ်ရွေးချယ်ရေးပြိုင်ပွဲနှင့် Youth Camp မှ လူငယ်အလေးမအားကစားသမားများ စံချိန်ဆန်းစစ်ပြိုင်ပွဲကျင်းပ
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အလေးမအားကစားသမားများ အပြီးသတ်ရွေးချယ်ရေးပြိုင်ပွဲနှင့် Youth Camp မှ လူငယ်အလေးမအားကစားသမားများ စံချိန်ဆန်းစစ်ပြိုင်ပွဲကျင်းပ
Ministry of Information/ Naypyitaw / October 10, 2025
နေပြည်တော် အောက်တိုဘာ ၉
(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲအတွက် အလေးမအားကစားသမားများ အပြီးသတ်ရွေးချယ်ရေးပြိုင်ပွဲနှင့် Youth Camp မှ လူငယ်အလေးမ အားကစားသမားများ စံချိန် ဆန်းစစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အလေးမ လေ့ကျင့်ရေးရုံ၌ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အလေးမဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယနေ့ကျင်းပသည့် အလေးမ ပြိုင်ပွဲအမြန်မနှင့် နှစ်ဆင့်မပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး (၄၈၊ ၅၃၊ ၅၈၊ ၆၃) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား (၆၀၊ ၆၅၊ ၇၁၊ ၈၈၊ ၉၄၊ +၉၄) ကီလိုတန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲများအပြီးတွင် အမျိုးသမီး(၆၃)ကီလိုတန်း နှင့် အမျိုးသား (၉၄) ကီလိုတန်းအမြန်မ၊ နှစ်ဆင့်မပြိုင်ပွဲနှင့် စံချိန်စုစုပေါင်းတို့တွင် မြန်မာပြည်စံချိန် သစ်များတင်နိုင်ခဲ့သည့် သူဇာခင်နှင့် ဝင်းနိုင်ထွန်းတို့ကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌတို့ကဂုဏ်ပြုဆုကြေးငွေများ ပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အုပ်ချုပ်၊ နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍ မိမိတို့ရရှိထားသည့် စံချိန်၊ စံညွှန်းများထက် ပိုမိုကောင်းမွန်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားအားထုတ် လေ့ကျင့်သွားရန်လိုကြောင်း၊ အလေးမ အားကစားနည်းဖြင့် အောင်မြင်မှုများရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန်နှင့် လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မျှော်မှန်းထားသည့်ဆုတံဆိပ်များရရှိအောင် ဆက်လက်ကြိုးစား အားထုတ်သွားကြရန် တိုက်တွန်းမှာကြားသည်။
အဆိုပါ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအတွက် အလေးမအားကစား သမားများအပြီးသတ်ရွေးချယ်ရေးပြိုင်ပွဲနှင့် Youth Camp မှ လူငယ်အလေးမ အားကစားသမား များ စံချိန်ဆန်းစစ်ပြိုင်ပွဲများသို့ နေပြည်တော်တွင် စခန်းဝင် လေ့ကျင့်လျက်ရှိသည့်အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)နှင့် လူငယ်အားကစား လေ့ကျင့် ရေးစခန်း Youth Camp တို့မှ အလေးမ အားကစားသမား စုစုပေါင်းအင်အား ၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ (၃၃) ကြိမ် မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်မြန်မာခြင်းလုံးအသင်း အောင်နိုင်ရေးအတွက် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ ချုပ်နာယက ဦးစိုးတင့်အား ရုံးအမှတ်(၃၁) ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံရာမြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် နာယကကအဖွဲ့ချုပ်၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်ပြီးဆွေးနွေးပြောကြား၍ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က မြန်မာခြင်းလုံးအသင်း အောင်မြင်မှုရရှိစေရေးအတွက် ဝိုင်းဝန်းဖြည့်စွက်ဆွေးနွေးပြောကြားကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3379 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
