(၅၅) ကြိမ်မြောက် တပ်ကုန်းမြို့လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် မြန်မာ့ရိုးရာ လှည်းယဉ်ကြော့ပြိုင်ပွဲနှင့် နွားအလှပြိုင်ပွဲ ဆုများချီးမြှင့်
(၅၅) ကြိမ်မြောက် တပ်ကုန်းမြို့လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် မြန်မာ့ရိုးရာ လှည်းယဉ်ကြော့ပြိုင်ပွဲနှင့် နွားအလှပြိုင်ပွဲ ဆုများချီးမြှင့်
Ministry of Information/ Naypyitaw / November 04, 2025
နေပြည်တော် နိုဝင်ဘာ ၃
နေပြည်တော် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့်ကျင်းပသည့် လှည်းယဉ်ကြော့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မြို့မအားကစားကွင်း၌ ကျင်းပ သည်။
ဆုချီးမြှင့်ပွဲသို့ ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသော လူမှုအဖွဲ့အစည်းဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်များ၊ ဒေသခံပြည်သူများတက်ရောက်ကြသည်။
ဦးစွာ မြန်မာ့ရိုးရာလှည်းယဉ်ကြော့နှင့် နွားအလှပြိုင်ပွဲ နောက်ဆုံးနေ့ ဗိုလ်လုပွဲစဉ်ကိုကျင်းပရာ သပြေချောင်းလှည်းယဉ်ကြော့က ပထမ၊ ရွှေဆည်သားလှည်းယဉ်ကြော့က ဒုတိယ၊ ညောင်ငါးပင် (ဥသျှစ်ကုန်း) လှည်းယဉ်ကြော့က တတိယနှင့် ကျားညီနောင်- ၂ လှည်းယဉ်ကြော့က အထူးဆုရရှိကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ အထူးဆုရရှိသည့် ကျားညီနောင်- ၂ လှည်းယဉ်ကို နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဂုဏ်ပြုမှတ်တမ်းနှင့် ငွေသားဆု ငွေကျပ် ၁၀ သိန်းကို လည်းကောင်း၊ တတိယဆုရရှိသည့် ညောင်ငါးပင် (ဥသျှစ်ကုန်း) လှည်းယဉ်ကို နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ဂုဏ်ပြုမှတ်တမ်းနှင့် ငွေသားဆုငွေကျပ် သိန်း ၃၀ ကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် ရွှေဆည်သား လှည်းယဉ်ကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ဂုဏ်ပြုမှတ်တမ်းနှင့် ငွေသားဆု ငွေကျပ်သိန်း ၄၀ ကိုလည်းကောင်း၊ ပထမဆုရရှိသည့် သပြေချောင်းလှည်းယဉ်ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဂုဏ်ပြုမှတ်တမ်းနှင့် ငွေသားဆုငွေကျပ်သိန်း ၅၀ ကို လည်းကောင်း၊ တံခွန်စိုက်ဆုဖလားကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။ ကျန်ပြိုင်ပွဲ ဝင်လှည်းယဉ်များကို နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးဗိုလ်ဝင်းက ဂုဏ်ပြုမှတ်တမ်းနှင့် ငွေကျပ် ၅ သိန်းစီ ချီးမြှင့်သည်။
မြန်မာ့ရိုးရာ လှည်းယဉ်ကြော့နှင့် နွားအလှပြိုင်ပွဲကို နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်လှည်းယဉ် ၂၈ စီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
မြန်မာ့ရိုးရာလှည်းယဉ်ကြော့ ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၌ ကျင်းပသည့် (၅၄) ကြိမ်မြောက် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်တွင်စ၍ ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ဒုတိယအကြိမ် ထည့်သွင်းကျင်းပခြင်းဖြစ်သည်။ မြန်မာ့ရိုးရာလှည်းယဉ်ကြော့ကို ပုဂံခေတ်ကတည်းက စတင်အသုံးပြုလာခဲ့ကာ အလှူမင်္ဂလာပွဲများ၊ မင်းခမ်းမင်းနားနှင့် လယ်ထွန်မင်္ဂလာ အခမ်းအနားများတွင် အသုံးပြုခဲ့ကြောင်းသိရသည်။
သတင်းစဉ်
Newspaper - 3338 items
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
				
            
                            
                                