(၆၃)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုပေးပွဲကျင်းပ


Ministry of Information/ Naypyitaw / July 21, 2025
image_latest


နေပြည်တော် ဇူလိုင် ၂၀

(၆၃)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်းတပ်မတော် (ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲပိတ်ပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းက တပ်မတော်စက်ပစ်ကွင်း(ပြင်ဦးလွင်)၌ ပြုလုပ်ရာအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ကြပြီး တပ်မတော်ပစ်ခတ်စဉ်(အမျိုးသား) ပစ်ခတ်စဉ်တွင် ဒိုင်းဆုရရှိသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ ဒုတိယရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်း၊ တတိယရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ တပ်မတော်ပစ်ခတ်စဉ် (အမျိုးသမီး) ပစ်ခတ်စဉ်တွင် ဒိုင်းဆုရရှိသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ ဒုတိယရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်း၊ တတိယဆုရရှိသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ အပြည်ပြည်ဆိုင်ရာ ပစ်ခတ်စဉ်တွင် ဒိုင်းဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်း၊ ဒုတိယရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ တတိယရရှိသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ ရိုင်ဖယ်လက်ဖြောင့် ပွဲစဉ်တွင် စံချိန်သစ်တင်ဆုရရှိခဲ့သည့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ ရိုင်ဖယ်(အမျိုးသား)ပွဲစဉ်(၂)တွင် စံချိန်သစ်တင်ဆုရရှိခဲ့သည့် နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက တံခွန်စိုက်ဒိုင်းဆုကြီး၊ ပစ်ခတ်စဉ်ဒိုင်းဆု၊ အမှတ်တရ ဒိုင်းငယ်နှင့်ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။

အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ ပြိုင်ပွဲဝင်အသင်း ၁၈ သင်းဖြင့် ဇူလိုင် ၇ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3231 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ ဇူလိုင် ၂၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 17, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download