(၈၆) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ
(၈၆) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ
Ministry of Information/ Naypyitaw / October 12, 2024

နေပြည်တော် အောက်တိုဘာ ၁၁
(၈၆) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ အာဆီယံသိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုကော်မတီ National COSTI Chair၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံဆွေးနွေးဖက် Dialogue Partners နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြသည်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ကော်မတီအောက်ရှိ ဆပ်ကော်မတီများ အစည်းအဝေး၏ ရလဒ်များနှင့် ဆုံးဖြတ်ချက်များအပေါ် ဆွေးနွေးဆုံးဖြတ်ခြင်း၊ ကူးစက်ရောဂါများ၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် အပူလွန်ကဲခြင်း Energy security၊ Food security၊ Inclusive and sustainable industrialization၊ Mobility၊ Water management စသည့် နယ်ပယ်များအလိုက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ လုပ်ငန်းအစီအစဉ် ၂၀၂၆-၂၀၃၅ (APASTI-2026-2035) ဖော်ဆောင်နိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွဆောင်ရွက်ရန် ဦးစားပေးအစီအစဉ်များ၊ အာဆီယံနိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများအတူ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3211 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။
