(၉) ကြိမ်မြောက် မိတ်ဖက်များအစည်းအဝေး ကျင်းပ
(၉) ကြိမ်မြောက် မိတ်ဖက်များအစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / November 07, 2025
ရန်ကုန် နိုဝင်ဘာ ၆
မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကျင်းပသည့် (၉)ကြိမ်မြောက် မိတ်ဖက်များအစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ သံအမတ်ကြီးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေ အတွင်းရေးမှူးနှင့်ဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ မိတ်ဖက်ကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပအလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေတွင် ဖော်ပြပါရှိသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခန်းကဏ္ဍတွင် နိုင်ငံတော်၏ အရန်အင်အားအဖြစ် ပါဝင်နေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ထူးခြားလေးနက်သည့် ဆက်ဆံရေးရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်နေရာများကို ဦးစွာ တုံ့ပြန်ဆောင်ရွက်ပေးနေသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား အသိအမှတ်ပြုပါကြောင်း၊ ယခု(၉)ကြိမ်မြောက်မိတ်ဖက်များ အစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခန်းကဏ္ဍကိုသုံးသပ်ပြီး အနာဂတ်ကြိုးပမ်းချက်များအတွက် မဟာဗျူဟာကျကျ ညှိနှိုင်းဆွေးနွေးရန်လိုပါကြောင်း၊ ပြည်သူလူထု သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက ကောင်းမွန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရန်၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီမှုကိုရရှိစေရန်နှင့် အဖွဲ့အစည်းအတွင်း စွမ်းဆောင်ရည် မြှင့်တင်ရန်စသည့် လုပ်ငန်းနယ်ပယ်သုံးရပ်ကို ယခုအစည်းအဝေးအတွင်း အဓိကထားဆွေးနွေးရန် တိုက်တွန်းလိုပါကြောင်း။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသည့် အခြားနိုင်ငံများရှိ ပြည်သူလူထုအတွက်လည်း ငွေသားအပါအဝင် လိုအပ်သောအထောက်အပံ့များကို သက်ဆိုင်ရာနိုင်ငံ၏ အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှတစ်ဆင့် လှူဒါန်းမှုများ ပြုလုပ်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ကြက်ခြေနီလခြမ်းနီလှုပ်ရှားမှု၏ ထူးခြားသည့် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများကို အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်သူပြည်သားများအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း အာရှပစိဖိတ်ဒေသ ဒုတိယညွှန်ကြားရေးမှူး Ms. Juja Kim နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီအာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Regis Savioz တို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး (၉) ကြိမ်မြောက် မိတ်ဖက်များ အစည်းအဝေး ဂုဏ်ပြုမှတ်တမ်းဗီဒီယိုကို ပြသသည်။
(၉)ကြိမ်မြောက်မိတ်ဖက်များအစည်းအဝေးကို နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ နှစ်ရက်တာကျင်းပ မည်ဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ မိတ်ဖက်ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းမှုဗဟိုဌာန (AHA centre) မှ ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိသည်။
မိတ်ဖက်များအစည်းအဝေးကို ၁၉၉၉ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး နှစ်နှစ်လျှင်တစ်ကြိမ် ကျင်းပလေ့ရှိရာ ယခု ၂၀၂၅ ခုနှစ်တွင် (၉)ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် လူမှုကရုဏာ အကူအညီများပေးနိုင်ရန် စွမ်းစွမ်းတမံဆောင်ရွက်ရာတွင် ဒေသတွင်းအဖွဲ့အစည်းများနှင့် သာမက နိုင်ငံတကာ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများနှင့်လည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3341 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
