2025 E-sports World Cup ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သည့် Yangon Galacticos အသင်း ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ၊ ပြည်သူများ သောင်းသောင်းဖြဖြကြိုဆို
2025 E-sports World Cup ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သည့် Yangon Galacticos အသင်း ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ၊ ပြည်သူများ သောင်းသောင်းဖြဖြကြိုဆို
Ministry of Information/ Naypyitaw / August 08, 2025
ရန်ကုန် ဩဂုတ် ၇
ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့တွင် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၃ ရက်အထိ ကျင်းပခဲ့သည့် 2025 E-sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သည့် မြန်မာနိုင်ငံမှ Yangon Galacticos အသင်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ နိုင်ငံ့ဂုဏ်ဆောင်အောင်ပွဲရ အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ E - Sports အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
Yangon Galacticos အသင်းသည် ကမ္ဘာ့အဆင့် E-sports World Cup ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ E-sports အမျိုးအစား၂၅ မျိုးကျော် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ သြဂုတ် ၃ ရက်တွင် ကျင်းပခဲ့သည့် Grand Final ၌ တရုတ်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံမှ အသင်းတို့ကို အကြိတ်အနယ် ယှဉ်ပြိုင်ကစား၍ ပွဲစဉ်တိုင်းတွင် အမှတ်အမြင့်ဆုံး ဖြင့် အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ချန်ပီယံ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅၅၀၀၀၀ ဆွတ်ခူးရရှိခဲ့သည်။
ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်မြို့တွင် ကျင်းပသည့် 2025 E-sports World Cup ပြိုင်ပွဲသည် နိုင်ငံတကာပြိုင်ပွဲတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှ လက်ရွေးစင်အသင်းပေါင်း ၁၀၀၀ ကျော်တွင် ပရော်ဖက်ရှင်နယ်ကစားသမား ၅၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာနိုင်ငံကိုယ်စားပြု YG (Yangon Galacticos) အသင်းသည် အိမ်ရှင်ဆော်ဒီအာရေဗျ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ တူကီယဲ၊ အီဂျစ်၊ ဘရာဇီးစသည့် ဥရောပလက်ရွေးစင် နိုင်ငံ ၁၆ နိုင်ငံမှ ထိပ်သီး ၂၄ သင်းနှင့် ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံဆုကို ထိုက်တန်စွာ ရရှိခဲ့ခြင်းဖြစ်သည်။
MLBB MSC E-sports World Cup - 2025 ပြိုင်ပွဲတွင်လည်း မြန်မာနိုင်ငံမှ Mythic SEAL အသင်းသည် ကမ္ဘာ့အဆင့် ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ ရရှိ၍ Terror Queen အမျိုးသမီးအသင်းကလည်း MLBB E-sports World Cup- 2025 Mobile Legends: Bang Bang – Women’s Invitational (MWI) ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် တတိယဆုရရှိခဲ့ကာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅၀၀၀၀ ရရှိခဲ့သည်။ E-sports ကမ္ဘာ့ဖလား ၂၀၂၅ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ Yangon Galacticos အသင်းသည် ကမ္ဘာ့နိုင်ငံများမှ ပရော်ဖယ်ရှင် နယ်ကစားသမားကို ကျော်ဖြတ်၍ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
ညနေပိုင်းတွင် 2025 E-sports World Cup ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သည့် Yangon Galacticos အသင်းအား ဂုဏ်ပြုကြိုဆိုပွဲကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပရာ Yangon Galacticos အသင်းအား ပံ့ပိုးကူညီခဲ့သူများ၊ PUBG Mobile ဝါသနာရှင်များ၊ ပရိသတ်များ၊ ဖိတ်ကြားထားသူ များက Yangon Galacticos အမှတ်တံဆိပ်ပါ အလံငယ်နှင့် ယပ်တောင်များ ဝှေ့ယမ်း၍ ဂုဏ်ပြုကြိုဆိုကြပြီး Yangon Galacticos အသင်းသားများက စင်မြင့်ထက်မှ ဆုဖလားကို ကိုင်မြှောက်ကာ ပရိသတ်များနှင့်အတူ အောင်ပွဲခံကြသည်။
ထို့နောက် 2025 E-sports World Cup ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိခဲ့သည့် Yangon Galacticos အသင်းသားများဖြစ်ကြသည့် မောင်စွမ်းဝင့်မောင် (Smile)၊ မောင်ဆောင်းဝေဖြိုး (Marnett)၊ မောင်ကောင်းခန့်အောင် (SAY - CLOUD)၊ မောင်ခန့်ဇော်ဟိန်း (Romeo)နှင့် ၎င်းတို့၏မိဘများ၊ အသင်းမှ တာဝန်ရှိသူများက ဂုဏ်ယူဝမ်းမြောက်စကားပြောကြားကြသည်။
ယင်းနောက် ကမ္ဘောဇဘဏ်လီမိတက်အုပ်ချုပ်မှုဒါရိုက်တာ Mr. Devanandan က E-sports အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၅၀၀၀ နှင့် KBZ Pay ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်အေးပွင့်အောင်က ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပနိုင်ရေးအတွက် ချီးမြှင့်ငွေကျပ်သိန်း ၂၀၀၀ကို ပေးအပ်ရာ မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကောင်းမြတ်စံက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး
Newspaper - 3521 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
