KNU နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ရေဖြူမြို့အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ဒေသခံပြည်သူများပိုင်ဆိုင်သည့် အဆောက်အအုံများအား ဝင်ရောက်မီးရှို့ဖျက်ဆီး
KNU နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ရေဖြူမြို့အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ဒေသခံပြည်သူများပိုင်ဆိုင်သည့် အဆောက်အအုံများအား ဝင်ရောက်မီးရှို့ဖျက်ဆီး
Ministry of Information/ Naypyitaw / December 13, 2025
နေပြည်တော် ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့အနောက်ခြမ်းရှိ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် နေအိမ်အဆောက် အအုံများအား ယနေ့တွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီးမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီ မိနစ် ၅၀ခန့်တွင် ရေဖြူမြို့၏ အနောက်ဘက်ခြမ်းရှိ မြို့မ ရဲစခန်းအား ခေါင်းဆောင်နှင့် အင်အားစိစစ်ဆဲ KNU နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့က မြို့၏ မြောက်ဘက်ခြမ်းမှနေ၍ လက်နက်ကြီး / လက်နက်ငယ် များဖြင့် ပစ်ခတ်၍လည်းကောင်း၊ မြို့၏တောင်ဘက်ခြမ်းနှင့် တံတားနေရာရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စစ်ကူမလာရောက် နိုင်ရေးပူးပေါင်းအဖွဲ့နှစ်ဖွဲ့ဖြင့် နှောင့်ယှက်ပစ်ခတ်၍ လည်းကောင်း၊ မြို့မရဲစခန်းအား သိမ်းပိုက်နိုင်ရေးဆောင်ရွက်လာခဲ့ရာမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခြင်း၊ ရေဖြူမြို့၏ အရှေ့တောင်ဘက်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ကူပေးခြင်းတို့ ကြောင့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မြို့၏ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ထိုသို့ ဆုတ်ခွာထွက်ပြေးသွားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့၏ နောက်သို့ ထပ်ကြပ်လိုက်လံတိုက်ခိုက် ချေမှုန်းနိုင်ခြင်းမရှိစေရန်နှင့် တပ်မတော်အပေါ် ပြည်သူလူထုက အထင်အမြင် လွဲမှားစေရန်အတွက် ၎င်းတို့ ဆုတ်ခွာရာလမ်းတစ်လျှောက်ရှိ ဌာနဆိုင်ရာ အဆောက်အအုံများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ သစ်တောဦးစီးမှူးရုံး၊ စုပေါင်းဌာနဆိုင်ရာရုံး၊ ပြည်သူ့ ဆေးရုံ၊ ဘဏ်နှင့် ဝန်ထမ်းအိမ်ရာများကို မီးရှို့ထွက်ပြေးသွားခဲ့သည်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပြီး ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုအား စိစစ်ဆဲဖြစ်ကြောင်း သိရသည်။
အထက်ပါ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ၊ ရုံးသုံးပရိဘောဂပစ္စည်းများနှင့် အရေးကြီးစာရွက်၊ စာတမ်းများ မီးလောင်ပျက်စီးခဲ့သဖြင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ လိုအပ် သည့် မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပြီး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက အဆိုပါ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများကို လိုက်လံချေမှုန်းကာ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3465 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
