Microsoft Basic Excel & Microsoft PowerPoint (online) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း
Microsoft Basic Excel & Microsoft PowerPoint (online) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / December 05, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ လေ့ကျင့်ရေးဌာနခွဲ(နည်းပညာ)မှ ကြီးမှူးဖွင့်လှစ်သည့် Microsoft Basic Excel & Microsoft Powerpoint (online) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ : ၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ ပုလဲခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်က အမှာစကားပြောကြား ရာတွင် သင်တန်းသားများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ရာတွင် အလုပ်တာဝန်များကို စွမ်းဆောင်ရည် ပြည့်ဝစွာဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်နေသည့် မူဝါဒများအကောင်အထည်ဖော်ရာတွင် နည်းပညာဖြင့် အထောက်အကူပြုစေရန်နှင့် လုပ်ငန်းခွင်တွင်လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို သင်ကြားပို့ချပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းဆင်းမည့် သင်တန်းသားများသည် မိမိတို့ရုံးအတွက် ခွန်အားသစ်များ ဖြည့်ဆည်းပေးမည့် မျိုးဆက်သစ် လူငယ်များဖြစ်သည့်အတွက် ကျရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် ကျင့်ဝတ်သိက္ခာများကို စောင့်ထိန်းလိုက်နာ၍ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်၊ နည်းပညာအသစ် များကို ဆက်လက်လေ့လာပြီး အဖွဲ့အစည်းတိုးတက်မှုအတွက် ဆောင်ရွက်စေလိုကြောင်း၊ သင်တန်းမှ လေ့လာဆည်းပူးခဲ့မှုများနှင့် တတ်မြောက်သည့် ပညာရပ်များကို လုပ်ငန်းခွင်တွင် ထိရောက်စွာပြန်လည်အသုံးချခြင်းဖြင့် မိမိအကျိုး၊ နိုင်ငံ့အကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားသွားကြရန်တိုက် တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုလှိုင်က သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ဒေသစာရင်းစစ်ရုံး များ၊ နေပြည်တော်စာရင်းစစ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ သင်တန်းသား ၅၄ ဦး တက်ရောက်ပြီးမြောက်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများ က ပုလဲခန်းမ၌လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ဒေသစာရင်းစစ်ရုံး များ၊ နေပြည်တော်စာရင်းစစ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။
Newspaper - 3370 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
