Naypyitaw State Academy တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / November 10, 2025
image_latest


နေပြည်တော် နိုဝင်ဘာ

Naypyitaw State Academy တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ Naypyitaw State Academy ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက Naypyitaw State Academy ကို “ပညာရှင်များမွေးထုတ်ရာ ဦးဆောင်တက္ကသိုလ်” ဖြစ်လာရန် မျှော်မှန်းချက်ဖြင့် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်က တည်ထောင်ဖွင့်လှစ်ခဲ့ရာ ယနေ့ဆိုလျှင် (၃) နှစ်ပြည့်မြောက်ပြီဖြစ်ပြီး စဉ်းစားတွေးခေါ်ဖန်တီးမှုကို အားပေးသော၊ အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူလေ့ကျင့်မှုများမှတစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးသည့် အဆင့်မြင့်ပညာရပ်များကိုသင်ယူရာ ထိပ်တန်းတက္ကသိုလ်ဖြစ်လာစေရန် ဦးတည်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်‌ကြောင်း၊ Naypyitaw State Academy ကို စတင်ဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန စသည်ဖြင့် မဟာဌာနကြီးလေးခု၊ အထူးပြုဘာသာရပ် ၁၂ ခုတွင် ကျောင်းသား ကျောင်းသူ ၁၂၆ ဦးကို လက်ခံသင်ကြားခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဆေးပညာမဟာဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လူမှုရေးပညာမဟာဌာန၊ အားကစားပညာမဟာဌာနတို့ကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး မဟာဌာနကြီးခုနစ်ခု၊ အထူးပြုဘာသာရပ် ၂၀ တွင် ပထမနှစ်မှ မဟာတန်းအထိ တန်းစုံဖွင့်လှစ်သင်ကြားနိုင်ခဲ့ကြောင်း။

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် Nuclear Physics၊ ကုန်ထုတ်ဓာတု‌‌ဗေဒ၊ စာကြည့်တိုက်နှင့် သုတပညာ၊ သံတမန်ရေးရာအထူးပြုဘာသာရပ်လေးခုကို ထပ်မံဖွင့်လှစ်လိုက်သည့်အတွက် အထူးပြုဘာသာရပ် ၂၄ ခုကို ဖွင့်လှစ်သင်ကြား ပို့ချနေပါကြောင်း၊ အရည်အသွေးရှိသော သင်ကြားသင်ယူမှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ ကိုယ်ကာယကြံ့ခိုင်မှုပစ္စည်းများ၊ ရည်ညွှန်းစာအုပ်များ၊ Internet Access နှင့် e-library တို့ကို ဖြည့်ဆည်းပေးထားပါကြောင်း။

Naypyitaw State Academy အနေဖြင့် ကျောင်းသားဗဟိုပြုသင်ကြားမှုစနစ် အကောင်အထည်ဖော်ရန် အလွန်အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဆရာ ဆရာမများ အရည်အသွေး ပြည့်ဝရေးအတွက် သုံးနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အစဉ်အလာ၊ ဆောင်ရွက်ချက်များကို ဆက်လက်ထိန်းသိမ်းပြီး စဉ်းစားတွေးခေါ်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်မြင့်မား၍ စိတ်ဓာတ်နှင့် ခံယူချက်မှန်ကန်ကောင်းမွန်သော အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာစေရေး ဆရာ ဆရာမများ၊ ဝန်ထမ်းများအားလုံး ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ Naypyitaw State Academy ၏ ခံ့ညားထည်ဝါသော ဂုဏ်သတင်းကို အားလုံးထိန်းသိမ်းမြှင့်တင်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ Naypyitaw State Academy ပါမောက္ခချုပ် ဒေါက်တာ နုနုလွင်က သုံးနှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် စာတမ်းဖတ်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ် (၃) နှစ်ပြည့်အတွက် အမှတ်တရ ဂုဏ်ပြုပန်းစည်းပေးအပ်ရာ ပါမောက္ခချုပ်က လက်ခံရယူကာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခင်းကျင်းပြသထားသည့် သုတေသနပြခန်းများကို လိုက်လံကြည့်ရှု အားပေးကြသည်။

ယင်းနောက် သုတေသနစာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပကြပြီး သုတေသနစာတမ်းပေါင်း ၂၀ ကို ဖတ်ကြားကာ စာတမ်းရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ Naypyitaw State Academy ဒုတိယပါမောက္ခချုပ်‌ ဒေါက်တာစိုးစိုးအောင်က ဂုဏ်ပြုအမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Naypyitaw State Academy အတွင်း ဆောက်လုပ်နေဆဲဖြစ်သည့် ဘွဲ့နှင်းသဘင်ခန်းမ၏ အခြေအနေကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3344 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download