ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေအိမ်မီးလောင်မှု

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / December 07, 2022


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၊ ၁၀ ၃၀ အချိန်ခန့်က ပိုင်ရှင် ဒေါ်ဂျာအိန်၏ (၃၀x၁၅)ပေ၊ သွပ်မိုး၊ ဝါးထရံကာ၊ မြေစိုက်(၁)ထပ်နေအိမ်တွင် ထမင်းပေါင်းအိုး အချိန်ကြာမြင့်စွာတည်ထားရာမှ အပူလွန်ကဲပြီး အနီးရှိ ကာရံထားသော ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒေါ့ဖုန်းယန်နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၁ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၀ ၄၅ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် နေအိမ် ၁ လုံးနှင့် စပါး တင်း ၅၀ မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ပိုင်ရှင် ဒေါ်ဂျာအိန်သည် မီးလောင်နေစဉ် နေအိမ်အတွင်းရှိ ပစ္စည်းများသယ်ယူရာမှ မီးလောင်ကျွမ်းခဲ့သဖြင့် ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် မီးပေါ့ဆသူ ဒေါ်ဂျာအိန်(သေဆုံး)အား ဒေါ့ဖုန်းယန်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,