ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စုပေါင်းသန့်ရှင်းလုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စုပေါင်းသန့်ရှင်းလုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / September 24, 2022


ဘားအံ  -  စက်တင်ဘာ (၂၄)

     ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြို့တော်အင်္ဂါရပ်များနှင့် အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရပ်ကွက်နေပြည် သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အဖွဲ့သည် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

     ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းသစ်ချရွာ၊ အခြေခံ ပညာမူလတန်းကျောင်းကော့ကသောင်ရွာနှင့် အခြေခံပညာမူလတန်းလွန်ကျောင်းလက္ခဏရွာတို့တွင် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် အဆိုပါကျောင်းများရှိ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ အားကစားကွင်း၊ သန့်စင်ခန်း၊ ဆရာ/မနေအိမ်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။