ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းပေါ်၌ PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာများစွာရရှိ

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းပေါ်၌ PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာများစွာရရှိ


Ministry of Information/ Naypyitaw / June 28, 2022
image_latest


နေပြည်တော် ဇွန် ၂၈

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များကြောင့် ဇွန် ၂၇ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံသို့ ထိခိုက်ဒဏ်ရာများ ရရှိထားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ချောင်းဦးမြို့၊ ချောင်းဦးမြောက်ရပ်ကွက်နေ ဒေါ်ခင်ငြိမ်းမြတ်(၂၉)နှစ် (ဘ)ဦးဝင်းကိုတွင် ယာလက်ဖျံမိုင်းစထိမှန် ဒဏ်ရာ ၁ ချက်၊ ယာခြေ သလုံးမိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် နေသူများဖြစ်ကြသည့် မောင်ဖိုးချဲ့(၁၇)နှစ် (ဘ)ဦးဇော်ခင်တွင် ဝဲပေါင်မိုင်းစထိမှန်အရိုးကျိုးဒဏ်ရာ ၂ ချက်၊ ဝဲဒူးပွန်းပဲ့ဒဏ်ရာ ၁ ချက်နှင့် မဝင်းဝင်းခိုင်(၁၇)နှစ်(ဘ)ဦးညိုဝင်းတွင် ဝဲတင်ပါးမိုင်းစထိမှန် ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ မိုင်းစထိမှန် ဒဏ်ရာ ၁ ချက်၊ ဝဲပေါင်ရိုးကျိုးဒဏ်ရာ ၁ ချက်တို့ ရရှိထား သည်ကိုတွေ့ရှိရသည်။

ဖြစ်စဉ်အားစိစစ်ခဲ့ရာ မောင်ဖိုးချိုနှင့် မဝင်းဝင်းခိုင်တို့ ၂ ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ချောင်းဦးမြို့မှ မုံရွာမြို့သို့လည်းကောင်း၊ မခင်ငြိမ်းမြတ်သည် ဆိုင်ကယ်တစ်စီးဖြင့် ဆိုင်ကယ်ဆီဖြည့်ရန် လည်းကောင်း၊ အသီးသီးမောင်းနှင်လာစဉ် ချောင်းဦးမြောက်ရပ်ကွက် မုံရွာမန္တလေးကားလမ်း မိုင်တိုင်အမှတ် ၇၀ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံအကြားသို့အရောက်၌ PDF အမည်ခံအကြမ်းဖက် သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ရန်ရည်ရွယ်၍ ထောင်ထားသည့် ဒေသန္တရလုပ် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်းမပေါ်တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သူအရပ်သားများအား ထိခိုက်ဒဏ်ရာရရှိစေရန် မိုင်းထောင်ခဲ့သည့် အကြမ်းဖက်အဖွဲ့များအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,