စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် တစ်စီးကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် တစ်စီးကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်


Ministry of Home Affairs/ နေပြည်တော် / January 24, 2022
(ဝဲမှယာ) စိုးလွင်၊ စိုးသူ၊ ရဲတင့်နိုင် (ဒဏ်ရာရ)


စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် တစ်စီးကို PDF အမည်ခံအကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးစိုးသူ (၆၃) နှစ် (ဘ) ဦးပြေဝင်းနှင့် ယာဉ်နောက်လိုက်များ ဖြစ်သည့် ဦးစိုးလွင် (၅၂) နှစ် (ဘ) ဦးလှသန်းနှင့် ဦးရဲတင့်နိုင် (၂၆) နှစ် (ဘ) ဦးတင်ဝင်းတို့သည် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် ဒီပဲယင်းမြို့နယ်၊ ပင်စည်ကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက် သမားများ၏ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သူများဖြစ်သည့် ကိုကျော်စိုးနှင့် ကိုအောင်တိုးဦး တို့နှစ်ဦးနှင့် ၎င်းတို့အား လိုက်ပါကူညီပို့ဆောင်သည့် မဖြူဖြူအောင် တို့နှင့်အတူ  ဆေးကုသရန်အတွက် ဒီပဲယင်းမြို့မှ မန္တလေးမြို့သို့ 1P/xxxx “နေမျိုးနွယ်” Mini Bus ခရီးသည်တင်မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ကြက်ခတ်ကျေးရွာအနီး မိုင်တိုင် အမှတ် ၁၂၀/၆ ဖာလုံနှင့် ၇ ဖာလုံကြားသို့အရောက်၌ PDF အကြမ်းဖက်အဖွဲ့များက မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ဦးစိုးသူ၊ ဦးစိုးလွင်နှင့် ဦးရဲတင့်နိုင်တို့တွင် မိုင်းစ ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး တပ်မတော်ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်း သိရ သည်။
ထိုကဲ့သို့ ခရီးသည်တင်ယာဉ်အား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက် အဖွဲ့များအား ဖော်ထုတ်အရေးယူနိုင်ရေး နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

HOT NEWS
January 4,