စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ မီးငြှိမ်းသတ်ပြီး ပြန်လာသည့် မီးသတ်ယာဉ်တစ်စီးကို PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်သဖြင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ မီးငြှိမ်းသတ်ပြီး ပြန်လာသည့် မီးသတ်ယာဉ်တစ်စီးကို PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်သဖြင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / January 25, 2022


စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ မီးငြှိမ်းသတ်ပြီး ပြန်လာသည့် မီးသတ်ယာဉ်တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်သဖြင့် မီးငြှိမ်းသတ် ယာဉ်၏ လေကာမှန်ကွဲကြေပျက်စီးကာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း  သိရသည်။ 

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၅ မိနစ်တွင် ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာ၏တောင်ဘက် ရွာစည်းရိုးအနီးတွင် စုပုံထားသည့် အဆိုပါကျေးရွာနေ ဦးငြိမ်းချမ်း (၃၂)နှစ် (ဘ)ဦးကျောက်တိုင် ပိုင်ဆိုင်သည့် ပြောင်းရိုးပုံများအား အမျိုးသားတစ်ဦးက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း သတင်းအရ ဘုတလင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူများ၏နေအိမ်များအား မီးကူးစက်လောင်ကျွမ်းမှုမရှိစေရေးအတွက် အုပ်ချုပ်မှုယာဉ်တစ်စီး၊ မီးငြှိမ်းသတ်ယာဉ်နှစ်စီးတို့ဖြင့် သွားရောက်ကာ မွန်းလွဲ ၁ နာရီတွင် စတင်၍ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သဖြင့် မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် အုပ်ချုပ်မှုယာဉ်တစ်စီးတို့သည် မီးကြွင်းမီးကျန်များမကျန်ရှိစေရေး စစ်ဆေး ငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မီးသတ်ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးတို့ကို အခြားကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးသို့ ပြန်လည်စေလွှတ် ထွက်ခွာစေခဲ့ပါ သည်။ 

ထိုသို့ထွက်ခွာလာစဉ် ဘုတလင်-မုံရွာကားလမ်းမကြီး မိုင်တိုင်အမှတ် ၉၈ မိုင် ၇ ဖာလုံနှင့် ၉၉ မိုင်အကြား ရုံးတောကျေးရွာလမ်းခွဲအရောက်၌ အဆိုပါမီးသတ်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက လမ်း၏ယာဘက်မှ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မီးငြှိမ်းသတ်ယာဉ်၏ ရှေ့လေကာမှန်ကွဲအက်ပျက်စီးကာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ နှာခေါင်းနှင့် ယာလက်ခုံတို့တွင် မိုင်းစထိမှန်ဒဏ်ရာအချို့ရရှိခဲ့သဖြင့် ဘုတလင်မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ရပါသည်။ 

ထိုကဲ့သို့ အများပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များအား ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,