စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၁/၂၀၂၂)ကြိမ်မြာက် အစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၁/၂၀၂၂)ကြိမ်မြာက် အစည်းအဝေးတက်ရောက်


Sagaing Region Government/ Monywa / January 25, 2022
Logo


ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၂) ကြိမ် မြောက်အစည်းအဝေးကို ဇန်နဝါရီလ(၂၅)ရက်၊ မွန်းလွဲ(၁) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်တွင်းခရီးသွားများ စိတ်ဝင်စားတဲ့၊ ထင်ရှားတန်ခိုးကြီးတဲ့ ဘုရားပုထိုးစေတီများရှိတဲ့အပြင် ပြည်တွင်း/ ပြည်ပခရီးသွားများ စိတ်ဝင်စားတဲ့ တောတောင်သဘာဝနဲ့ တိုင်းရင်းသား ရိုးရာဓလေ့များကို လေ့လာနိုင်တဲ့ခရီးစဉ်နေရာတွေလည်းရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းက ရတဲ့ ဝင်ငွေစီးဆင်းမှုဟာ ဟိုတယ်/တည်းခိုရိပ်သာများအပြင် စားသောက်ဆိုင်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဒေသထွက်အမှတ်တရ ပစ္စည်းအရောင်းဆိုင်လုပ်ငန်း၊ ဒေသ ဧည့်လမ်းညွှန်နဲ့အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို ဝင်ငွေစီးဆင်းသွားတာကို မြင်တွေ့ရမှာဖြစ်ပါကြောင်း၊ ဒါ့အပြင်ခရီးသွားလုပ်ငန်းဟာ မြို့ပြဒေသသာမက၊ ကျေးလက်ဒေသတွေမှာပါ ကျွမ်းကျင်တဲ့အလုပ် သမားအတွက်ရော၊ ကျွမ်းကျင်မှုနည်းတဲ့အလုပ်သမားအတွက်ပါ အလုပ်အကိုင်ဖန်တီးပေးနေတာမို့ တိုင်းဒေသကြီးကလည်း ဧရိယာကျယ်ဝန်းတာဖြစ်လို့ ခရီးသွားလုပ်ငန်းကို တိုးတက်ဖို့ကိုတက်နိုင်သမျှအချိုးညီညီ ဒေသအလိုက်တာဝန်ရှိသူများ၊ ဒေသခံများနဲ့ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း ” ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးမှခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဖြည့်စွက်လမ်းညွှန်မှာကြားချက်များ၊ တိုင်းဒေသကြီးအတွင်း ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်ပေးထားမှုအခြေအနေ၊ ဒီဇင်ဘာလအတွင်း တိုင်းဒေသကြီးရှိ ဟိုတယ်/တည်းခိုရိပ်သာ၊ စည်ပင်သာယာတည်းခိုခန်းများတွင် ခရီးသွားဝင်ရောက်တည်းခိုမှုအခြေအနေများနှင့် ဇန်နဝါရီလအတွင်း ခရီးသွားဝင်ရောက်တည်းခိုမှုအခြေအနေ၊ ဒီဇင်ဘာလအတွင်း တိုင်းဒေသကြီးအတွင်းထင်ရှားသည့် ခရီးစဉ်များကို ခရီးသွားများလာရောက်လည်ပတ်မှုအခြေအနေနှင့် ဟိုတယ်မိုး လုပ်ငန်းလိုင်စင်သက်တမ်းတိုးတင်ပြခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ 

HOT NEWS
January 4,