တရားမဝင် သစ်မျိုးစုံ၊ ဓာတုကုန်ကြမ်းပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ စက်လှေနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

တရားမဝင် သစ်မျိုးစုံ၊ ဓာတုကုန်ကြမ်းပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ စက်လှေနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ


Ministry of Information/ Naypyitaw / August 12, 2022
image_latest


နေပြည်တော် သြဂုတ် ၁၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၈ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်တွင်းကြီးမြို့နယ် သက္ကယ်ကျင်းကျေးရွာတွင် တရားမဝင်မီးသွေး ၅၂ ဒသမ ၉၉၀၀ တန် (ခန့်မှန်းတန်ဖိုးငွေ ၉၅၃၈၂ ကျပ်) နှင့် ကံမမြို့နယ် သာစည်ကျေးရွာအုပ်စု ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၁၅၉/၁)တွင် တရားမဝင်ကျွန်းခွဲသား ၂၆ ဒသမ ၉၂၅၄ တန် (ခန့်မှန်းတန်ဖိုးငွေ ၁၇၇၇၀၇၆၄ ကျပ်) ကို သစ်တောဥပဒေအရလည်းကောင်း၊ ပခုက္ကူမြို့နယ် ဧရာဝတီတံတား(ပခုက္ကူ) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ Daihatsu Hijet အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ မင်းလှမြို့နယ် သပြေတောကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ တရားမဝင်ကျောက်စရစ်စုပ်ယူရာတွင် အသုံးပြုသည့် သစ်သားခွံစက်လှေ ၁၀ စင်းနှင့် ကျောက်စရစ်စုပ်ယူရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၅၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၈၁၈၆၆၁၄၆ ကျပ်ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က သတင်းအရကင်းထွက်ခွာ စစ်ဆေးမှုများ ဆောင်ရွက်စဉ် ရန်ကုန်-မြဝတီလမ်းမကြီး မိုင်တိုင်အမှတ်(၉၈/၄)မိုင် သစ်ဆိမ့်ပင်ရွာအနီးတွင် Toyota Mark II အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀) နှင့် Mazda Demio အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူသြဂုတ် ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လိုင်စင်ခွင့်ပြုချက်မရမီ ကုန်ပစ္စည်းရောက်ရှိသည့် ရက် ၆၀ ကျော်လွန်သည့် Sodium Carbox-ymethyl Cellulose ၄၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၄၂၂၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Packing Materials Bopp Film ၁၅၅၀၃ ဒသမ ၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေ ၃၁၅၄၉၆၂၂ ကျပ်) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်အတွင်း တရားမဝင်ကျွန်းတံခါးချပ်နှင့် ကျွန်းတံခါးအပိုင်းအစများ ၁ ဒသမ ၂၉၆၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၅၃၆၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Alphard အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၈၅၅၃၆၀ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်တရားမဝင်ကုန်သွယ်မှု တားဆီး/ထိန်းချုပ်ရေးအဖွဲ့နှင့် မြဝတီမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ တာဝန်ကျအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က သင်္ဃန်းညီနောင်သွားလမ်းပေါ်တွင် ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ဘားအံသို့ မောင်းနှင်လာသောမော်တော် ယာဉ်နှစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၇၁၆၈၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Voxy အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀) နှင့် Canter အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၇၁၆၈၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ သြဂုတ် ၁၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ခင်ဦးမြို့အဝင် စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ Noah အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဩဂုတ် ၈ရက်၊ ၉ရက်နှင့် ၁၀ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၇ မှု (ခန့်မှန်းတန်ဖိုးငွေ ၂၄၂၉၀၉၉၂၈ ကျပ်) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

HOT NEWS
January 4,