တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အင်္ဂလိပ်စာစွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အင်္ဂလိပ်စာစွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / August 12, 2022
image_latest


နေပြည်တော် ဩဂုတ် ၁၁

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အင်္ဂလိပ်စာစွမ်းရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

စဉ်ဆက်မပြတ် လေ့လာသင်ယူ

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုဖွင့်လှစ်သည့်သင်တန်းသည် ဝန်ကြီးဌာနရှိ အင်္ဂလိပ်စာအခြေခံကောင်းသူများကို စိစစ်ရွေးထုတ်၍ အင်္ဂလိပ်စာစွမ်းရည် အဆင့်မြှင့်တင်လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အင်္ဂလိပ်စာကို လေ့လာရာတွင် “Never too late to learn- ပညာလို အိုသည်မရှိ”၊ “Lifelong Learning-ဘဝတစ်လျှောက်လုံး လေ့လာမှုများ ပြုလုပ်နေရမည်” ဖြစ်ကြောင်း၊ အင်္ဂလိပ်စာကို အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်စေရေးအတွက် ယခုသင်တန်းအပေါ် အခြေခံ၍ စဉ်ဆက်မပြတ်လေ့လာသင်ယူမှုများ ပြုလုပ်သွားမည်ဆိုပါက ပိုမိုစွမ်းရည်ပြည့်ဝသော အရာထမ်း၊ အမှုထမ်းများ ဖြစ်လာကြမည်ဟု ယုံကြည်ကြောင်း၊ လေ့လာသင်ယူခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်ရေးအတွက် ဆက်လက်ကြိုးစားသွားကြရန် အလေးအနက် မှာကြားလိုကြောင်း၊ အင်္ဂလိပ်စာကို မိမိကိုယ်ပိုင်အချိန်များတွင်လည်း အင်တာနက်အပါအဝင် နေရာစုံမှ ဆက်လက်လေ့လာသွားကြရန်နှင့် အင်္ဂလိပ်စာကျွမ်းကျင်မှုမှတစ်ဆင့် သက်ဆိုင်ရာ ပညာရပ်နယ်ပယ်များကို ကျွမ်းကျင်ပိုင်နိုင်မှုရှိရန် ကြိုးစားကြစေလိုကြောင်း၊ အပြန်အလှန်သင်ယူခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို အစဉ်တစိုက် ဆောင်ရွက်ကြပြီး မိမိဘဝတိုးတက်ရေး၊ မိမိဌာနတိုးတက်ရေးမှသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအထိ သယ်ပိုးဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ဂုဏ်ပြုဆုချီးမြှင့်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြအား ဂုဏ်ပြုအမှတ်တရလက်ဆောင်ပေးအပ်ပြီး သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ ဆုရရှိသည့်သင်တန်းသူ သုံးဦးအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,