ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား ( ၆၃၄) ဦး၊ မြဝတီ ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)မှ ဆက်လက်ဝင်ရောက်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား ( ၆၃၄) ဦး၊ မြဝတီ ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)မှ ဆက်လက်ဝင်ရောက်


Ministry of Information/ မြဝတီ / July 12, 2020


မြဝတီ၊ ဇူလိုင်လ ၁၂

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား(၃၉၆)ဦးနှင့် အမျိုးသမီး(၂၃၈)ဦး ၊စုစုပေါင်း(၆၃၄)ဦးသည် ယနေ့ ဇူလိုင်လ (၁၂)ရက်နေ့ နံနက်(၆)နာရီမှ ညနေ (၆) နာရီအချိန်အထိ မြဝတီမြို့ ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ်(၂) မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။ ပြန်လည်ဝင်ရောက်လာသူများမှာ ထိုင်းနိုင်ငံ၊ ခရိုင်ဒေသအသီးသီးမှ ၎င်းတို့၏ အစီအစဉ် များဖြင့် ပြန်လည်ဝင်ရောက်လာကြသူများဖြစ်ပြီး၊ ကချင်ပြည်နယ်မှ(၂၈)ဦး၊ ကယားပြည်နယ်မှ (၁)ဦး၊ ကရင်ပြည်နယ်မှ (၁၀၈)ဦး၊ မွန်ပြည်နယ်မှ (၁၂၁)ဦး၊ ရခိုင်ပြည်နယ်မှ (၂၆)ဦး၊ ရှမ်းပြည်နယ်မှ (၁၆)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၂၅)ဦး၊ မန္တလေး တိုင်းဒေသကြီးမှ (၂၃)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၁၂၇)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၀)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၆၀)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၃၈)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၄၀)ဦးနှင့် နေပြည်တော်မှ (၁၁)ဦး၊ စုစုပေါင်း(၆၃၄)ဦး ဖြစ်သည်။ အဆိုပါပြန်လည် ဝင်ရောက်လာ ကြသူများအား မြဝတီခရိုင်တာဝန်ရှိသူများက မဲဆောက်ဘက်ခြမ်းသို့ မှန်လုံယာဉ်ကြီးများဖြင့် သွားရောက်ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ မေလ(၁)ရက်နေ့မှ ဇူလိုင်လ (၁၂)ရက်နေ့အထိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၄၇၄၀၉ )ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။

#MRTV

HOT NEWS
January 4,