နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / January 22, 2020


နေပြည်တော် ဇန်နဝါရီ ၂၁

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မစ္စတာ မန်ဂျူရှုလ် ကရင် ခမ် ချောင်ဒရီ အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံစဉ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပဉ္စမအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဒါကာမြို့၌ အိမ်ရှင်အဖြစ် ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံရာတွင် အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံအနေဖြင့် စိစစ်ပြီး နေရပ်စွန့်ခွာသူများအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရရှိထားသည့် သဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံရန် အဆင်သင့်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး နေရပ်ပြန်လာသူများအတွက် ပြန်လည်နေရာချ ထားရေးကိစ္စများနှင့် ကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးရာ၌ မိတ်ဖက် နိုင်ငံများ၊ ASEAN-ERAT Team တို့နှင့်အတူ လက်တွဲ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

သတင်းစဉ်

HOT NEWS
January 4,