နိုင်ငံတကာပုံမှန် လေကြောင်းခရီးစဉ်များ (Commercial Flights)ဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များအား ဖြေလျော့ပေးခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

နိုင်ငံတကာပုံမှန် လေကြောင်းခရီးစဉ်များ (Commercial Flights)ဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များအား ဖြေလျော့ပေးခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / November 29, 2022
image_latest


နေပြည်တော်  နိုဝင်ဘာ ၂၉

၁။ ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေ နှင့် မိမိတို့နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေ အနေများအပေါ် မူတည်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ သတ်မှတ်ချက်များကို ထုတ်ပြန်ခြင်း နှင့် ဖြေလျှော့ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိပြည်တွင်းကူးစက်ဖြစ်ပွားမှု ကျဆင်းလျက်ရှိပြီး (၁၄)ရက် ဆက်တိုက် ပိုးတွေ့နှုန်း (၁) ရာခိုင်နှုန်းအောက် ရောက်ရှိနေခြင်း၊ နိုင်ငံတကာပုံမှန်လေကြောင်း ခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်လာသည့် ခရီးသွားများတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့နှုန်း (၁) ရာခိုင်နှုန်းအောက်တွင်သာ ရှိနေခြင်းနှင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလွှမ်းခြုံမှု မြင့်မားလာခြင်း တို့ကြောင့် နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များ (Commercial Flights)ဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ခရီးသွားများအား ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်ပြသနိုင်သူ (သို့မဟုတ်) ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံထား သူများအနေဖြင့် မြန်မာနိုင်ငံသို့ ဆိုက်ရောက်သည့် အချိန်မတိုင်မီ အများဆုံး (၄၈) နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း RT-PCR နည်းဖြင့် စစ်ဆေး ထုတ်ပေးထားသည့် ဓာတ်ခွဲအဖြေ အထောက်အထား ပြသနိုင်သူများအား လေယာဉ် ဆိုက်ရောက်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ RDT ဖြင့် ဓာတ်ခွဲစစ်ဆေးမှုခံယူရန် သတ်မှတ်ချက်အား (၁-၁၂-၂၀၂၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀:၀၁)နာရီမှ စတင်၍ ဖြေလျှော့ ပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ ပြောင်းလဲဆောင်ရွက်မည့် အစီအစဉ် အသေးစိတ်အား (၃၀-၁၁-၂၀၂၂)ရက်နေ့ တွင် ထုတ်ပြန်မည့် “နိုင်ငံတကာပုံမှန်လေကြောင်း ခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၁၂-၂၀၂၂)”တွင် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

၃။ သို့ရာတွင် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များဖြင့် ဝင်ရောက်လာကြသည့် ခရီးသွားများနှင့် နယ်စပ်ဝင်ထွက် ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာကြသည့် ခရီးသွားများအတွက်မူ (၈-၁၀-၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

HOT NEWS
January 4,