နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုနှင့် စပ်လျဉ်း၍ တက်ရောက်ရှင်းလင်း ပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုနှင့် စပ်လျဉ်း၍ တက်ရောက်ရှင်းလင်း ပြောကြား


Ministry of Information/ ​နေပြည်တော် / December 11, 2019


သည်ဟိတ်ဂ် ဒီဇင်ဘာ ၁၁

 

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ပြုလုပ်သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆို ခဲ့သည့် အမှုအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) အတွက် နှုတ်ဖြင့်လျှောက်လဲခြင်း (Oral Proceedings) ဒုတိယနေ့ အစီအစဉ်သို့ တက်ရောက်၍ ဂမ်ဘီယာ နိုင်ငံက တရားစွဲဆိုထားမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုခဲ့သည့်အမှုနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ရှင်းလင်းပြောကြားသည်။

(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ရှင်းလင်းပြောကြားချက်ကို သီးခြားဖော်ပြထားပါသည်။)

ထို့နောက် မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေပါမောက္ခ မစ္စတာ William Schabas က Lack of a Plausible Claim နှင့် စပ်လျဉ်း၍ လျှောက်ထားမှုပြုလုပ်သည်။

ဆက်လက်၍ မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေ မစ္စတာ Christopher Staker က Lack of prima facie Jurisdiction of the Court; lack of prima facie standing of The Gambia; inappropriateness of the provisional measures requested နှင့် စပ်လျဉ်း၍ လျှောက်ထားမှု ပြုလုပ်သည်။

ယင်းနောက် မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေ ပါမောက္ခ မစ္စ Phoebe Okowa က Lack of real and imminent risk of irreparable prejudice to the rights in dispute နှင့် စပ်လျဉ်း၍ လျှောက်ထားမှုပြုလုပ်သည်။

အဆိုပါ ဒုတိယနေ့အစီအစဉ်သို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်ကြမည့် ပြည်တွင်း၊ ပြည်ပ ဥပဒေပညာရှင်များ၊ ဥပဒေပညာရှင်များ၏ အထောက်အကူပြု အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ယနေ့သည် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုအပေါ် မြန်မာနိုင်ငံမှ ပထမအကြိမ် နှုတ်ဖြင့် လျှောက်ထားသည့်နေ့ ဖြစ်သည့်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်မှုကို ထောက်ခံအားပေး ဝန်းရံကြသော မြန်မာနိုင်ငံမှ လာရောက်ကြသည့် ပြည်သူများနှင့် နယ်သာလန်နိုင်ငံနှင့် အခြားနိုင်ငံများမှ လာရောက်ကြသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရှေ့၌ လာရောက်ထောက်ခံအားပေး ဝန်းရံကြသည်။

သတင်းစဉ်

 

HOT NEWS
January 4,