နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖြေလျှော့ပေးမှုများနှင့်ပတ်သက်၍ စည်းကမ်းလိုက်နာခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းအားဖြင့် covid ကို အနိုင်ရရေးအတွက် ဆက်ပြီး ကူညီကြပါလို့ မေတ္တာရပ်ခံပါကြောင်း သတင်းစကားပါး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖြေလျှော့ပေးမှုများနှင့်ပတ်သက်၍ စည်းကမ်းလိုက်နာခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းအားဖြင့် covid ကို အနိုင်ရရေးအတွက် ဆက်ပြီး ကူညီကြပါလို့ မေတ္တာရပ်ခံပါကြောင်း သတင်းစကားပါး


Ministry of Information/ ​နေပြည်တော် / May 28, 2020


နေပြည်တော် မေ ၂၈

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုဖြေလျှော့ပေးမှုများသည် စည်းကမ်းလိုက်နာခြင်းအားဖြင့် covid ကာကွယ်ရေးကို ဖေးမပေးခြင်း၏ အကျိုးဖြစ်တာ ကြောင့် covid ကို အနိုင်ရရေးအတွက် စည်းကမ်းထိန်းသိမ်းခြင်းအားဖြင့်ဆက်ပြီး ကူညီကြပါလို့ မေတ္တာရပ်ခံပါကြောင်း ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် သတင်းစကားပါး ရေးသားထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အချိန်နဲ့ဒီရေဟာ မည်သူ့ကိုမှ မစောင့်တဲ့။ မည်သူ၊ မည်သည့် အရာကမှလည်း မရွေ့မလျား၊ မပြောင်းမလဲ မရှိပါကြောင်း၊ Covid နှင့် ပတ်သက်ပြီး ပြည်သူ များနှင့် ဆက်သွယ်ရေးအတွက် Facebook ကို စပြီး အသုံးပြုခဲ့သည်မှာ (၂)လ နီးပါးရှိလာပြီ ဖြစ်ကြောင်း၊ Covid ဘက်ကလည်း အငြိမ်မနေဘဲ တစ်နေ့တစ်မျိုးမရိုးရအောင် ဖြစ်နေကြောင်း။

မေလ(၃၁)ရက်နေ့အထိ ရောဂါမပျံ့ပွားရေးအတွက် ချထားသည့် သတ်မှတ်ချက်အချို့ကို ဇွန်လ(၁)ရက်နေ့မှစပြီး ဖြေလျှော့မည်ဖြစ်ပါကြောင်း၊ သတိကြီးစွာဖြင့် တဖြည်းဖြည်း နိုင်ငံ၏ ယန္တရား ပြည့်ဝစွာ ပြန်လည်ပတ်နိုင်ရေးကို ဦးတည်ပါကြောင်း။

ဒီကိစ္စမှာသာမက အခြားကိစ္စအဝဝမှာပါ ပြည်သူများ၏ စိုးရိမ်ချက်များ၊ မျှော်မှန်းချက်များ၊ ဖြစ်ချင်တာများ၊ ဖြစ်သင့်တာများ၊ ဖြစ်နိုင်တာများကို အမြဲစိတ်ထဲမှာရှိနေပါကြောင်း၊ အကောင်း ဆုံးအဖြေကို အမြဲရှာနေပါကြောင်း၊ အကောင်းဆုံးအဖြေရနိုင်ဖို့က ပြည်သူများ အကူအညီ၊ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တယ်ဆိုတာကိုတော့ ထပ်လောင်းပြောချင်ပါကြောင်း၊ နှလုံး၊ ဦးနှောက်ထဲ စွဲသွားအောင် အကြိမ်(၂၀၀) ပြောရမဲ့ကိစ္စမျိုး ဖြစ်ပါကြောင်း။

ယခုဖြေလျှော့ပေးမှုများသည် စည်းကမ်းလိုက်နာခြင်းအားဖြင့် covid ကာကွယ်ရေးကို ဖေးမ ပေးခြင်း၏ အကျိုးဖြစ်တာကြောင့် covid ကို အနိုင်ရရေးအတွက် စည်းကမ်းထိန်းသိမ်းခြင်း အားဖြင့် ဆက်ပြီး ကူညီကြပါလို့ မေတ္တာရပ်ခံပါကြောင်း ရေးသားထားသည်။

Ref; Myanmar Digital News

HOT NEWS
January 4,