နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ၏ တင်ပြချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပေးမည့် အစီအမံများအား ရှင်းလင်းဖြေကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ၏ တင်ပြချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပေးမည့် အစီအမံများအား ရှင်းလင်းဖြေကြား


Ministry of Information/ ​နေပြည်တော် / April 05, 2020
image_latest


နေပြည်တော် ၅ ဧပြီ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ တင်ပြလာသည့် အချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပေးမည့် အစီအမံများအား ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာ၌ ယနေ့တွင် အောက်ပါအတိုင်း ရှင်းလင်းဖြေကြားထားသည်-

Facebook မှာ တက်လာချက်များအရ ပြည်သူတွေ သိချင်တဲ့ကိစ္စများထဲမှာ ထိပ်ဆုံးအချက်တွေကတော့

(၁) ပိတ်ရက်အတွင်း လက်လုပ်လက်စားများရဲ့ စားဝတ်နေရေး၊

(၂) mask ကိစ္စ၊

(၃) မီတာခ လျှော့ပေးရေးနဲ့

(၄) အင်တာနက်သုံးစွဲမှု နှုန်းထားကောက်ခံမှု လျှော့ပေးရေးတို့ ဖြစ်ပါတယ်။

(၁) နဲ့ပတ်သက်လို့ကတော့ နိုင်ငံ့ဘဏ္ဍာ၊ COVID ဗဟိုကော်မတီရန်ပုံငွေတို့နဲ့ အကောင်းဆုံး စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။ တစ်နေရာ၊ တစ်ဒေသအတွက်သာမဟုတ်၊ တစ်နိုင်ငံလုံးအတွက် စဉ်းစားရပါမယ်။ ဗဟိုကော်မတီရန်ပုံငွေအတွက် တတ်နိုင်သမျှလှူကြဖို့ မေတ္တာရပ်ခံပါတယ်။ လိုအပ်တာတွေ အင်မတန်များပါတယ်။

(၂) ဒီလအတွင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူတွေကို ဖြန့်ဖြူးပေးနိုင်ဖို့အတွက် MASK ၆.၃ သန်း ရှိပါတယ်။ ထပ်မံလည်း မှာယူထားပါတယ်။

(၃) မီတာခတွေ လျှော့ပေးရေး အကောင်းဆုံးနည်းလမ်း ညှိနှိုင်းနေပါတယ်။

(၄) အင်တာနက် သုံးစွဲမှုနှုန်းထားတွေကို တယ်လီဖုန်းအော်ပရေတာများက လျှော့ချထားပေးပြီးပါပြီ။

သတိကြီးစွာနဲ့ ခွာခွာနေရတဲ့အချိန်မှာ မေတ္တာ ကရုဏာ ကိုလည်း မမေ့ပါနဲ့။ ကျွန်မတို့အားလုံး ပြည်ထောင်စု သွေးရင်းတွေပါ။

Facebook သုံးခါစဆိုတော့ တစ်လုံးချင်းရိုက်ဖို့ အတော်အချိန်ယူရပါတယ်။ ဒါပေမဲ့ ပြည်သူတွေနဲ့ ဆက်သွယ်နိုင်တာ ဝမ်းသာပါတယ်။ မကြာခင် လက်သွက်သွားမှာပါ။

အေးအတူ၊ ပူအမျှ၊ သွေးချင်းအားလုံး ကျန်းမာချမ်းသာကြပါစေ။

HOT NEWS
January 4,