ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / October 08, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၆ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် ည ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၆၇ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဝေါမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဘုရားကြီးမြို့မှ ကျိုက်ထိုမြို့ဘက်သို့ ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာနေသူများ ဖြစ်ကြသည့် ဟိန်းမြတ်ဇော်(၁၆)နှစ် မောင်းနှင်ပြီး ညီညီကျော်(၁၈)နှစ် လိုက်ပါလာသည့် 78W-XXXX FEILING 110 ဆိုင်ကယ် သည် အခင်းဖြစ်နေရာအရောက်၌ လားရာတူရှေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ လယ်ပေါ်ကျေးရွာနေ စိုးသီဟ(၃၄)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် နိုင်ထူးခိုင်(၂၇)နှစ် လိုက်ပါသည့် MDY-5/3P-XXXX ISUZU GIGA မော်တော်ယာဉ်သည် စက်ပျက်၍ ယာဘက်ယာဉ်ကြောလမ်းဘေးတွင် အချက်ပြမီးဖွင့်ကာ အတားအဆီးများချ၍ ရပ်ထားသည့်မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ယာဉ်၏ ဝဲဘက်ခြမ်းဘန်ဘာနောက်တန်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဟိန်းမြတ်ဇော်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ညီညီကျော်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဟိန်းမြတ်ဇော် အား ဝေါမြို့မရဲစခန်း ယာဉ်(ပ)၁၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
