ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ “Global Grace KTV” မီးလောင်မှု
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ “Global Grace KTV” မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / November 15, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ စက်ရှင်လမ်းနှင့် မင်္ဂလာလမ်းထောင့်ရှိ ပိုင်ရှင် ဦးမျိုးအောင်၏ ၁၂၀ x ၄၀ ပေ၊ Steel Structure တစ်ထပ် “Global Grace KTV” ၌ မီးပလတ်ခုံ အပူလွန်ကဲရာမှ အနီးရှိ ဆိုဖာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ငူခရိုင်၊ မြို့နယ် မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခုနစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၂၀ x ၄၀ ပေ၊ Steel Structure တစ်ထပ် အဆောက်အအုံ၏ ၁၅ x ၁၅ ပေ အခန်း တစ်ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးမျိုးအောင်အား တောင်ငူမြို့နယ်၊ အမှတ်(၁)ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
