ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ Naypyitaw / November 16, 2025


   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

   ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၄ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ လှဦး(၅၈)နှစ်၏ နေအိမ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ တောင်ငူမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ နေအိမ်၌ လှဦး၊ တစ်ရပ်ကွက်တည်းနေသူများဖြစ်ကြသည့် ကျော်သက်ဝေ(၂၄)နှစ်၊ ကျော်သက်လွင်(ခ) ကိုသက်(၃၆)နှစ်နှင့် အောင်နိုင်ဝင်း(၅၁)နှစ်တို့အား ဖဲရိုက်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် လှဦးပါ လေးဦးတို့အား တောင်ငူမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်း (ပ)၂၀၆/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,