ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၌ ပစ္စည်းအဟောင်းအရောင်းအဝယ်ဆိုင် မီးလောင်မှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၌ ပစ္စည်းအဟောင်းအရောင်းအဝယ်ဆိုင် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / October 08, 2025


     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၇ ရက် နံနက် ၅ နာရီ ၃၂ မိနစ်ခန့်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၌ ပိုင်ရှင် ဦးကျော်သူ၏ ၄၀ x ၆၀ ပေ၊ သွပ်မိုး၊ အုတ်ကာ တစ်ထပ် ပစ္စည်းအဟောင်းထားသည့် ဂိုဒေါင်တွင် ညစောင့် မင်းသန့်ဇင်(၂၀)နှစ်သည် ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိ ကတ်ထူပြားသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒက္ခိဏခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ရှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၁၁ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါမီးလောင်မှုကြောင့် ၄၀ x ၆၀ ပေ၊ သွပ်မိုး၊ အုတ်ကာ တစ်ထပ် ပစ္စည်းအဟောင်းဂိုဒေါင် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ ညစောင့် မင်းသန့်ဇင် အား လယ်ဝေးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,