ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် အဖွဲ့ကို လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် အဖွဲ့ကို လက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / August 12, 2022
image_latest


နေပြည်တော်၊ ဩဂုတ် ၁၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား နားလည်မှု စာချွန်လွှာ (MoU) အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ နားလည်မှုစာချွန်လွှာအရ ဘူးသီးတောင်၊ မောင်တော ဒေသအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုပေးမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှု၊ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်အရ နေရပ်စွန့်ခွာသွားသူများ၏ အချက်အလက်များ ပေးပို့လာမှုအပေါ် မိမိဝန်ကြီးဌာနမှ စိစစ်တွေ့ရှိမှုများနှင့် အကြောင်းပြန်ကြားပြီးစီးမှု၊ မိမိနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့် သူများအတွက် ပြန်လည်လက်ခံရေးစခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ပြန်လည်နေရာချထား ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ ယင်းလုပ်ငန်းစဉ်များအပေါ် UNHCR အနေဖြင့် အပြုသဘော ဆောင်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်မှုများအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများမှ သိရှိနားလည် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးနိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေး နွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,