ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်နိုင်ငံအစိုးရက ပေးအပ်သည့် အကူအညီပေးရေး ဆိုင်ရာ စာချွန်လွှာ (၃) ခု လက်မှတ်ရေးထိုး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်နိုင်ငံအစိုးရက ပေးအပ်သည့် အကူအညီပေးရေး ဆိုင်ရာ စာချွန်လွှာ (၃) ခု လက်မှတ်ရေးထိုး


Ministry of Information/ ​နေပြည်တော် / July 02, 2020


 

နေပြည်တော် ဇူလိုင် ၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်နိုင်ငံအစိုးရက ပေးအပ်သည့် အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ (၃) ခု လက်မှတ်ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အိချိရော မာရုယာမ နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး တာဝန်ရှိသူများ တက်ရောက် ကြသည်။

စုစုပေါင်းတန်ဖိုး ဂျပန်ယန်း ၂ ဒသမ ၁၉၉ ဘီလီယံ ရှိသည့် အဆိုပါ စာချွန်လွှာ (၃)ခု လက်မှတ် ရေးထိုး ခြင်းဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအတွက် မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ အထောက်အပံ့ရရှိခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ကျုံးရေကို သန့်စင်ပေးဝေရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်းနှင့် ရန်ကုန်မြစ်အတွင်း ရေကြောင်းလမ်းညွှန် အထောက်အကူပြု အချက်ပြကိရိယာများ အဆင့်မြှင့်တင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးအတွက် အထောက်အကူပြု မည်ဖြစ်ကြောင်း သိရသည်။

 (သတင်းစဉ်)

HOT NEWS
January 4,