ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်


Ministry of Home Affairs/ နေပြည်တော် / April 01, 2023


    ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း  ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
    ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ဈေးကုန်းကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ မိုဃ်းကောင်းကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ မဟာမြိုင်ဘုန်းဘုရားကျောင်းတိုက်၊ တာမွေမြို့နယ်ရှိ အရိယာမဂ္ဂင် ကျောင်းတိုက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဓမ္မစေတီထေရဝါဒပရိယတ္တိစာသင်တိုက်၊ ရွှေပြည်သာ မြို့နယ်ရှိ ရတနာပန်းကုံးကျောင်းတိုက်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ကျွန်းကလေး ပရိယတ္တိစာသင်တိုက်နှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းလဲကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော် များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ မဟာဂန္ဓဝင်အုန်းတောကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မတ္တရာကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်ရှိ ပြည်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ညောင်တုန်းကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ သီရိမင်္ဂလာရွှေမန်းကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ အောင်ချမ်းသာကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ ပါသည်။ 

 

HOT NEWS
January 4,