မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ ရေနံစိမ်းများ တရားမဝင်သယ်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ ရေနံစိမ်းများ တရားမဝင်သယ်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / October 08, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ ရေနံစိမ်းများ တရားမဝင်သယ်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မင်းဘူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ပေါက်ပင်ကွင်းကျေးရွာနှင့် ရေတွင်းကုန်းကျေးရွာချင်းဆက်လမ်းအရောက်၌ ပေါက်ပင်ကွင်းကျေးရွာဘက်မှ မင်းဘူးမြို့နယ်၊ သီးကုန်းကျေးရွာနေ တင်ဇော်ဦး(၅၂)နှစ်နှင့် အမှတ်(၃)ရပ်ကွက်နေ အောင်သူ(၃၆)နှစ်တို့ နှစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ် နှစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ တင်ဇော်ဦး မောင်းနှင်လာသည့် 50W-XXXX STAR HONDA 110 ဆိုင်ကယ်ပေါ်တွင် ရေနှင့် ရေနံစိမ်းရောရာ ၅ ဂါလန်ခန့်ပါ ကော်ပုံး တစ်ပုံးအား လည်းကောင်း၊ အောင်သူ မောင်းနှင်သည့် 26W-XXXX YINXIANG 110 ဆိုင်ကယ်ပေါ်တွင် ရေနှင့်ရေနံစိမ်းရောရာ ၁၀ ဂါလန်ခန့်ပါ ပီနံအိတ် တစ်အိတ်အား လည်းကောင်း အသီးသီးတွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ နှစ်ဦးအား စစ်မေးခဲ့ရာ သိမ်းဆည်းရမိသည့်ပစ္စည်းများမှာ ထောက်ရှာပင်ရေနံမြေအတွင်းမှ ခိုးယူသယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တင်ဇော်ဦးနှင့် အောင်သူတို့ နှစ်ဦးအား မင်းဘူးမြို့မရဲစခန်း (ပ)၁၃၄/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
