မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၉ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်းများ) ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၉ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်းများ) ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / January 16, 2022
image_latest


နေပြည်တော်  ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၉ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်းများ) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီ ၁၃ ရက် နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေး သွားကားလမ်း၊ ဇလဲကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း သတင်းရရှိထားသူ စိုးမြင့်နှင့် ထွန်းလင်းတို့ကို DONG FENG ၂၂ ဘီး တွဲကားမော်တော်ယာဉ်နှင့် လည်းကောင်း၊ ပူးပေါင်း ပါဝင်သည့် ရှိုင်းကိုကိုနှင့် ဝမ်လောက်စီ(ခ)ကွယ်ရုံ(ခ)တာကောတို့ကို မော်တော်ဆိုင်ကယ်ဖြင့် လည်းကောင်း အတူတွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေရာ တွဲကားယာဉ်ပေါ်တွင် ဒေသကာလတန်ဖိုး ငွေကျပ် ၁၉ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၀ ကီလိုနှင့် မြန်မာငွေကျပ် ၂၂ သိန်းတို့ကို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကရင် ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၄ ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,