မိုင်းခတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု

မိုင်းခတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု


Ministry of Home Affairs/ နေပြည်တော် / January 15, 2021
 သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူတွေ့ရစဉ်


မိုင်းခတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု
        ဇန်နဝါရီလ ၁၄ ရက်နေ့ ၁၄၄၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မိုင်းခတ်မြို့နယ်၊ ခြောက်ထပ်ကွေ့ကျေးရွာနေ ဆောဂါ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ပြားသိမ်းဆည်းရမိခဲ့ပြီး ၁၈၀၀ အချိန်တွင် အဆိုပါနေအိမ်သို့ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် နွေလို ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြားအား လည်းကောင်း၊ ဆက်လက်၍ ကွင်းဆက်အရ ခြောက်ထပ်ကွေ့ကျေးရွာအနီးတွင် လီးလို နှင့် ဂျူးမေ တို့(၂)ဦးအား မော်တော်ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ ၁၈၃၀ အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းခတ်မြို့နယ်၊ ပန်ဆေးကျေးရွာအနီးတွင် အိုက်ခမ်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ဆောဂါ(၃၅)နှစ်၊ နွေလို(၂၁)နှစ်၊ လီးလို(၂၁)နှစ်၊ ဂျူးမေ(၁၈)နှစ်၊ အိုက်ခမ်း(၃၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
 

HOT NEWS
January 4,