မိုးညှင်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မိုးညှင်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ


Ministry of Information/ Naypyitaw / June 30, 2022
image_latest


နေပြည်တော် ဇွန် ၂၉

မိုးညှင်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၇ ရက် ည ၇ နာရီတွင် မိုးညှင်းမြို့နယ် ညောင်ပင်ကျေးရွာရှိ ကားဂိတ်တွင် ကျော်ဇင်သန့် လာရောက်ထုတ်ယူသည့် ဆာလာအိတ်နှစ်အိတ်အား သတင်းအရ ဖွင့်ဖောက်စစ်ဆေးရာ ဘိန်းစိမ်း ၁၈ ကီလိုကို လည်းကောင်း၊ အလားတူ ဇွန် ၂၈ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ် ရွှေဇာလီကျေးရွာအုပ်စု ခုနစ်မိုင် ကျောက်တောင်ကျေးရွာ အနီး မိုးမိတ်-မဘိမ်းသွား ကားလမ်းတွင် ဇော်ရှန်မောင်းနှင်ပြီး မခင်မြလွင် လိုက်ပါလာသော ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀၀ ကို လည်းကောင်းသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,