မြန်မာ ယူ-၁၉ အသင်း MNL-2 ပြိုင်ပွဲတွင် ကစားသမား ၂၄ ဦးဖြင့် ယှဉ်ပြိုင်မည်

မြန်မာ ယူ-၁၉ အသင်း MNL-2 ပြိုင်ပွဲတွင် ကစားသမား ၂၄ ဦးဖြင့် ယှဉ်ပြိုင်မည်


Ministry of Information/ ရန်ကုန် / January 23, 2020


ရန်ကုန် ဇန်နဝါရီ ၂၂

နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၉ အသင်းသည် ကစားသမားများ အတွေ့အကြုံရစေရန် ပြည်တွင်းပြိုင်ပွဲဖြစ်သည့် ၂၀၂၀ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကစားသမား ၂၄ ဦးဖြင့် ဖွဲ့စည်းထားသည်။

မြန်မာ ယူ-၁၉ အသင်းနည်းပြ ချုပ် ဦးစိုးမြတ်မင်းသည် ၂၀၁၉ ခုနှစ် က ရွေးချယ်ထားသည့် ကစားသမား များအနက် MNL ကလပ်အသင်းမှ ရွေးချယ်ထားသည့် ကစားသမား တချို့ကို ပြန်လည်စေလွှတ်ထားသော ကြောင့် ကျန်ရှိသည့် ကစားသမား ၂၁ ဦးကို သုံးဦးထပ်ဖြည့်ကာ ၂၄ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ပထမတန်း အမှတ် ပေးပြိုင်ပွဲတွင် Junior Lions အမည် ဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၉ (ခ) Junior Lions အသင်းတွင် ဂိုးသမား-နေလင်းထက်၊ ပြည့်ဖြိုးသူ၊ စောထက်၊ နောက်တန်း-စောထော်နေမှူး၊ စည်သူ မိုးခန့်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ ညဏ်လင်းထက်၊ သက်ဟိန်းစိုး၊ ကောင်းခန့်ကျော်၊ မင်းခန့်မောင်မောင်၊ အလယ်တန်း- ခွန်ကျော်ဇင်ဟိန်း၊ နောင်နောင်စိုး၊ ရန်ကျော်စိုး၊ ဇော်ဝင်း သိန်း၊ ပြည့်ဖြိုးအောင်၊ မိုးဆွေ၊ ရဲမင်းကျော်၊ အောင်ကိုဦး၊ ရှေ့တန်း-စောကျော်အဲ၊ ညီညီ၊ လမင်းထွေး၊ မျိုးသူရထွန်းနှင့် စောသန်းဝင်းတင်တို့ ပါဝင်ကြသည်။ မြန်မာ ယူ-၁၉ အသင်း သည် ပထမအကျော့မှ ကစားသမား များ၏ ခြေစွမ်းအပေါ်မူတည်၍ အပြောင်းအလဲအချို့ ပြုလုပ်မည် ဖြစ်သည်။ မြန်မာ ယူ-၁၉ (ခ) Junior Lions အသင်းသည် MNL-2 (ပထမ တန်း) အမှတ်ပေးပြိုင်ပွဲ အဖွင့်ပွဲအဖြစ် ဇန်နဝါရီ ၂၃ ရက် (ယနေ့) တွင် ငွေကြယ်ပွင့်အသင်းနှင့် စတင်ကစား ရမည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း အာဆီယံ ယူ-၁၉ ပြိုင်ပွဲအပါအဝင် အခြားနိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။

ညီမြတ်သော်တာ

HOT NEWS
January 4,