မွန်ပြည်နယ်၊ ရေးမြို့နယ်၌ နှင်းစုံတံတားအမှတ်(၁/၈၅)သံကူကွန်ကရစ်တံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ နှင်းစုံတံတားအမှတ်(၁/၈၅)သံကူကွန်ကရစ်တံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


Ministry of Home Affairs/ နေပြည်တော် / September 24, 2022


မွန်ပြည်နယ်၊ ရေးမြို့နယ်၌ နှင်းစုံတံတားအမှတ်(၁/၈၅) သံကူကွန်ကရစ်တံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ ည ၆ နာရီ ၃၅ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်း-တောင်ဘုံ-သောင်ပြင်-အာယုတောင်သွားကားလမ်း၊ နှင်းစုံကျေးရွာ၊ ကျောက်ခွဲ စက်အနီး၊ မိုင်တိုင်အမှတ် ၈၄ မိုင် ၀ ဖာလုံနှင့် ၅ ဖာလုံကြား အရှည် ၁၂၀ ပေ၊ အနံ ၂၄ ပေရှိ နှင်းစုံသံကူ ကွန်ကရစ်တံတားအမှတ်(၁/၈၅)အား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် သံကူကွန်ကရစ်တံတား၏ ယာဘက်ကြမ်းခင်း ၁၀ ပေ ခန့်ပျက်စီး ဆုံးရှုံးခဲ့ပြီး ဆိုင်ကယ်နှင့် ယာဉ်ငယ်များသာ ဖြတ်သန်းသွားလာနိုင်ပြီး ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်း သိရသည်။

ထိုသို့ ပျက်စီးသွားသည့် တံတားအား ပြန်လည်ပြုနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းနှင့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။