မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်သဖြင့် နေအိမ် များအမိုးလန်ပျက်စီးမှုဖြစ်ပွား

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်သဖြင့် နေအိမ် များအမိုးလန်ပျက်စီးမှုဖြစ်ပွား


Ministry of Home Affairs/ နေပြည်တော် / May 25, 2022


မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်သဖြင့် နေအိမ် များအမိုးလန်ပျက်စီးမှုဖြစ်ပွား
       မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၌ ၂၀၂၂ ခုနှစ်၊ မေလ ၂၄ ရက်နေ့၊ ၁၁ ၃၀ အချိန်ခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးနေကြောင်း သတင်း ရရှိသဖြင့် သထုံခရိုင်မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၅)စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၆ ၄၅ အချိန်တွင် လုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ပါသည်။
        အဆိုပါဖြစ်စဉ်ကြောင့် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း အမိုးလန်ပျက်စီး၊ နေအိမ်(၈၃)လုံး အမိုးလန်ပျက်စီး၊ နေအိမ်(၅)လုံး ပြိုကျပျက်စီးခဲ့ကြောင်းနှင့် အလှပ်ကျေးရွာ ကန်သာယာပိုင်းနေသူ ဒေါ်အုန်းရီ၏ ဦးခေါင်းပေါ်သို့ ထုတ်တန်း ပြုတ်ကျ၍ ဦးခေါင်းကွဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် အလှပ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ 

HOT NEWS
January 4,