ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ မော်တော်ယာဉ် တစ်စီး မီးလောင်မှု 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ မော်တော်ယာဉ် တစ်စီး မီးလောင်မှု 


Ministry of Home Affairs/ နေပြည်တော် / November 15, 2025


     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက် နံနက် ၁ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၃)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်၌ ဝေဇယန္တာလမ်းအတိုင်း ယာဉ်မောင်း ဦးရဲမင်းဦး မောင်းနှင်လာသော ယာဉ်အမှတ် YGN-16/9D-XXXX HILUX SURF ခဲရောင် မော်တော်ယာဉ်သည် ရှေ့ဘယ်ဘက်ဘီး ပေါက်ရာမှ ဆက်လက်မောင်းနှင်စဉ် အလွိုင်းမီးပွင့်၍ တာယာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါမီးလောင်မှုကြောင့် YGN-16/9D-XXXX HILUX SURF မော်တော်ယာဉ်၏ ရှေ့ဘယ်ဘက် ကားဘီး၊ အင်ဂျင်ခန်းနှင့် အတွင်းခန်းတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးရဲမင်းဦး အား တောင်ဥက္ကလာပမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,