ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ Naypyitaw / November 16, 2025


   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

   ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တိုက်ကြီးမှ မှော်ဘီဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရွာရှည်ကျေးရွာနေ ဇင်ဘိုမြင့်(၃၅)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ အောင်ချမ်းမြင့်(၂၅)နှစ် လိုက်ပါလာသည့် MDY-17/9R-XXXX MAN ၂၂ ဘီး နောက်တွဲမော်တော်ယာဉ်သည် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၄၅ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိဓာတ်တိုင် တစ်တိုင်၊ ဆက်သွယ်ရေးတိုင် တစ်တိုင်၊ ROADSIGNS နှစ်ခု၊ လမ်းဘေးကာရံထားသည့် GUARDWAY ငါးခန်းတို့အား ဝင်တိုက်မိခဲ့ကာ မော်တော်ယာဉ်မှာ တိမ်းမှောက်သွားခဲ့သဖြင့် ဇင်ဘိုမြင့်တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အောင်ချမ်းမြင့်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဇင်ဘိုမြင့် အား တိုက်ကြီးမြို့မရဲစခန်း ယာဉ်(ပ)၂၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,