ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်တွင် သစ်ပင်လဲကျမှု

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်တွင် သစ်ပင်လဲကျမှု


Ministry of Home Affairs/ နေပြည်တော် / May 25, 2022


ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ မကြီးကြီးလမ်းတွင် ၂၀၂၂ ခုနှစ်၊ မေလ ၂၂ ရက်နေ့၊ ၁၀ ၃၀ အချိန်ခန့်က ခြံအမှတ်(၈/၁၀)၏ ခြံစည်းရိုးအတွင်း ပေါက်နေသော လုံးပတ်(၄)ပေ၊ အမြင့်(၂၅)ပေခန့်ရှိ သပြေပင်(အခြောက်)သည် အမြစ်ခြေမှလဲကျ၍ လမ်းပေါ်တွင်ရပ်ထားသော YGN-4F/ XXXX Nissan Tiida (အနက်ရောင်)ယာဉ်ပေါ်သို့ ပိမိနေကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီးဖြင့် သွားရောက် ရှင်းလင်းပေးခဲ့ရာ ၁၂ ၁၀ အချိန် လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်၏အမိုး အနောက်ခြမ်း(ဘယ်) အနည်းငယ် ပိန်ချိုင့်ခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,