ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၀)ရပ်ကွက်၊ သခင်ဗစိန်လမ်းတွင် မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၀)ရပ်ကွက်၊ သခင်ဗစိန်လမ်းတွင် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / February 09, 2023


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၀)ရပ်ကွက်၊ သခင်ဗစိန်လမ်း တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ၀၀ ၅၀ အချိန်ခန့်က ပိုင်ရှင် ဒေါ်ကေသီဝင်း၊ ဆိုင်ငှား ဦးကျော်ဇင်ဦး၏ (၁၂x၁၀) ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း ဆိုင်ခန်းတွင် ပါဝါဘန့်(Power Bank) အားသွင်းပြီး ထားခဲ့ရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၅ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၀၁ ၁၅ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် (၃၀X၆၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ၂ ထပ်၊ အဆောက်အဦ တစ်လုံး၏ ဘေးအကာ၊ အတွင်းပစ္စည်းနှင့် ဆိုင်အတွင်းရှိ လူသုံးကုန်ပစ္စည်းအချို့၊ (၁၂x၁၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း၊ မြေစိုက် ဆိုင်ခန်းတွဲ (၅)ခန်း၏ အမိုးမျက်နှာကြက်နှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ဆိုင်ငှားဖြစ်သူ ဦးကျော်ဇင်ဦးအား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,