ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၌ TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၌ TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး


Ministry of Home Affairs/ နေပြည်တော် / November 15, 2025


     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ချောင်းချောက်ကျေးရွာနေ ဦးအောင်ကျော်(၅၁)နှစ်သည် ၎င်း၏ နေအိမ်မှ ကျေးရွာအနီးရှိ တောင်ယာခင်းသို့ သွားရောက်စဉ် အဆိုပါတောင်ယာခင်းအနီးအရောက် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးအောင်ကျော်တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,