ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ တရားမဝင် သယ်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ တရားမဝင် သယ်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / October 08, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၆ ရက်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ တရားမဝင်သယ်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် ည ၈ နာရီတွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ် မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မယ်ဆိုင်ချောင်းဘေးအရောက်၌ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်နေ ဝင်းကိုကို(ခ)တင်မောင်(၄၃)နှစ်အား HONDA WAVE i 110 အမျိုးအစား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ၅ စီးနှင့်အတူ တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ အဆိုပါမော်တော်ဆိုင်ကယ်များအား ထိုင်းနိုင်ငံမှ တရားမဝင် သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဝင်းကိုကို(ခ)တင်မောင် အား ဟောင်လိတ်နယ်မြေရဲစခန်း (ပ)၁၉၂/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
