ရှမ်းပြည်နယ်Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / December 05, 2020
image_latest


 

တောင်ကြီး ဒီဇင်ဘာ  ၅

ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ(၄)ရက် နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ရှမ်းပြည်နယ် (COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီကို ထပ်မံဖွဲ့စည်းခဲ့ပြီး လုပ်ငန်း ကော်မတီ (၁၁)ခုမှ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကို အစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ရောဂါဖြစ်ပွားပါက ရောဂါကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် Designated Hospitalဆေးရုံ(၈)ခု ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပြီး ရှမ်းပြည်နယ်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ (၅၂၇)ဦးကိုကာကွယ်ကုသပေးခဲ့ရာ (၂)ဦးသေဆုံး၍ (၃၁၀)ဦး ရောဂါပျောက်ကင်းခဲ့ပြီး (၂၁၅)ဦးအား မြို့နယ် များရှိ ဆေးရုံ များတွင် စောင့်ကြည့်ကာကွယ် ကုသပေးလျက် ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ရောဂါ စတင်ဖြစ်ပွားချိန်မှယနေ့အထိ လက်ရှိ COVID-19 ရောဂါနှင့် ပတ်သက်၍ သံသယ/စောင့်ကြည့်လူနာများ (၅၂၂၆)ဦးကို CommunityBased Facility Quarantine Center များတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း နယ်စပ် ဝင်/ထွက် ပေါက်များဖြစ်သည့် မိုင်းလား၊မူဆယ်၊ လောက်ကိုင်၊တာချီလိတ် ဝင်ပေါက်များ မှတစ်ဆင့်နေ့အလိုက် ပြန်လည်ဝင်ရောက်လာသူ ဦးရေ (၅၉၀၀၀) ကျော်ကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့ ဆက်သွယ်၍ ပို့ဆောင်ပေး လျက် ရှိပြီး ကချင်ပြည်နယ်လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ကရင်ပြည်နယ် မြဝတီ၊ နယ်စပ်ဝင်ပေါက်များမှ ရှမ်းပြည်နယ်အတွင်းသို့ ပြည်ပမှပြန် လည်ဝင်ရောက်လာသော ပြည်သူ များကိုလည်း တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်များရှိ Community BasedFacility Quarantine Center များတွင် စောင့်ကြည့် ထားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့်COVID-19 ရောဂါ ရှိမရှိ စစ်ဆေးပြီး ရောဂါပိုးမတွေ့သူ များကို ၎င်းတို့နေရာအသီးသီး သို့ ပြန်လည်ပို့ဆောင် ပေးလျက်ရှိပါကြောင်း၊ ရောဂါကူးစက် ပျံ့နှံ့မှုများပြားသော တောင်ကြီးမြို့ မင်္ဂလာဦး ရပ်ကွက်နှင့် တာချီလိတ်မြို့ရှိ ရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု(၄)အုပ်စုနှင့် ကျေးရွာ ပေါင်း(၁၃၈)ရွာကိုအသွား အလာကန့် သတ်ထားရှိသည့် နေရာများဖြင့် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် ရခိုင်ပြည်နယ် ရန်ကုန်တိုင်းဒေသရှိ Stay at home သတ်မှတ် ထားသော ဒေသနှင့် အခြား ဒေသများမှ ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသူများကို စိစစ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ၏ ညွှန်ကြားချက်များနှင့်အညီ ရှမ်းပြည်နယ် နယ်နိမိတ် ထိစပ်လျက်ရှိသည့်နေရာများတွင်စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာသူဇာချစ်တင်မှ COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းကော်မတီနှင့် စုံစမ်းရှာဖွေ စစ်ဆေးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးလှဦး၊စားနပ်ရိက္ခာနှင့်ထောက်ပံ့ရေးလုပ်ငန်းကော်မတီ၊ ဈေးနှုန်း တည်ငြိမ်ရေးနှင့် စိစစ် ထိန်းချုပ်ရေး လုပ်ငန်း ကော်မတီနှင့် ဘဏ္ဍာငွေ ထိန်းသိမ်းကြီးကြပ်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်၊ သတင်း ထုတ်ပြန်ရေးနှင့် မှတ်တမ်း ထိန်းသိမ်း ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ ညီညီအောင်၊ သွားလာမှုကြီးကြပ်ကန့်သတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ရောဂါ ကုသရေး နှင့် ထိန်းချုပ် ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းတို့မှလုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်း တင်ပြကြ သည်။

ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုးမှ COVID-19ရောဂါနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေဝင်း၊ အသိပညာပေးရေးနှင့်စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့မှ လုပ်ငန်း ဆောင်ရွက် ချက်များ နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြပြီးရှမ်းပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များတို့မှအထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

HOT NEWS
January 4,